Monday, August 3, 2020

အမေရိကန်တွင် တောမီးကြောင့် အိမ်ခြေ ၂၆၀၀ နီးပါက လူ ၈,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

တောမီး ထိန်းမနိုင်တော့ဘဲ ဧက ၄,၀၀၀ ကျော် လောင်ကျွမ်းခဲ့တာကြောင့် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်းက ရေးဗားဆိုဒ် မြို့နယ်မှာ ဒေသခံ ၈,၀၀၀ နီးပါးကို သြဂုတ် ၁ ရက်နေ့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Apple Fire လို့ ဒေသခံ မီးသတ်သမားတွေက ခေါ်တဲ့ ဒီတောမီးဟာ ချယ်ရီတောင်ကြားမှာ လောင်ကျွမ်းနေတယ်လို့ ဇူလိုင် ၃၁ ရက် သတင်းတွေမှာ ဖော်ပြပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက် ၇၅ မိုင် အကွာမှာ လောင်နေပြီး သြဂုတ် ၁ ရက်နေ့ထိ အိမ်တလုံး မီးထဲပါသွားခဲ့ပါတယ်။ အိမ်ခြေ ၂၆၀၀ နီးပါက လူ ၇၈၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပေးထားပြီး မီးကို လုံးဝမထိန်းနိုင်သေးဘူးလို့ မြို့နယ် မီးသတ်ဌာနနဲ့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနတို့က ပြောပါတယ်။
>>Zawgyi<<

0 comments:

Post a Comment