Friday, October 2, 2015

သမ္မတဖြစ်နိုင်သောသူနှင့် ထင်ပေါ်ကျော်ကြားသည့် ကိုယ်စားလှယ်လောင်းများကို အထူးလုံခြုံရေးပေးမည်ဟုဆို

နေပြည်တော် ကောင်စီနယ်မြေအတွင်းမှ သမ္မတဖြစ်လာနိုင်သောသူနှင့် ထင်ပေါ်ကျော်ကြားသည့် ကိုယ်စားလှယ်လောင်းများအတွက် အထူးလုံခြုံရေးဆောင်ရွက်ပေးမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
‘‘ကိုယ်စားလှယ်တွေထဲက နာမည်ကြီးတဲ့သူ၊ ကျော်ကြားသူ၊ နောက်ပြီးတော့ သမ္မတလောင်း ဖြစ်နိုင်ခြေရှိသူတွေက သီးခြားလုံ ခြုံရေးတောင်းခံလာရင်တော့ပေး မယ်’’ဟု အောက်တိုဘာ ၂ရက် ကပြုလုပ်ခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေအတွင်း ရွေး ကောက်ပွဲလုံခြုံရေးဆိုင်ရာ ရှင်း လင်းခြင်းအခမ်းအနား၌ အထက်ပါအတိုင်းပြောကြားခဲ့သည်။

အခြားကိုယ်စားလှယ်လောင်းသည် ၎င်းတို့ တွေ့ကြုံနေရသော အနေအထားအပေါ်မူတည်၍ တင်ပြလာပါက လုံခြုံရေးဆောင်ရွက်ပေးရန် စဉ်းစားမည်ဟု ရဲမှူးကြီးဇော်ခင်အောင်ကဆိုသည်။

‘‘ကျန်တဲ့ ကိုယ်စားလှယ် လောင်းအနေနဲ့ကတော့ ဘယ် လောက်ခြိမ်းခြောက်မှုရှိမလဲ။ အ သက်အန္တရာယ်လိုမျိုး ခြိမ်းခြောက် ခံနေရတယ်။ အဲဒီလိုအကြောင်း အရာတွေအပေါ် မူတည်ပြီးသီး ခြားလုံခြုံရေးပေးမယ်။ ကိုယ်စား လှယ်ရဲ့သေချာတဲ့ အကြောင်းပြ ချက်တော့လိုတာပေါ့’’ဟု ရဲမှူး ကြီးဇော်ခင်အောင်ကဆိုသည်။

အကူအညီတောင်းခံလို သည့် ကိုယ်စားလှယ်လောင်းများ သည် သက်ဆိုင်ရာကော်မရှင်နှင့် နယ်မြေရဲစခန်းများသို့ လုံခြုံရေး တောင်းခံနိုင်သည်ဟု၎င်းကဆို သည်။ သို့သော်လည်း အထူးလုံ ခြုံရေးအဖြစ်တောင်းခံလာသည့် ကိုယ်စားလှယ်လောင်းများ အောက်တိုဘာ ၂ရက်အထိ မရှိ သေးဟု ၎င်းကဆိုသည်။

‘‘လက်ရှိအထိတော့ မဲဆွယ် တဲ့အချိန် အနှောင့်အယှက်ကြုံ တွေ့တာတော့မရှိသေးပါဘူး’’ဟု ဇေယျာသီရိမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းဒေါ်ခင်မျိုးသွင်က ပြောသည်။ နေပြည်တော်ကောင်စီနယ်မြေရှစ်ခုတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်စုစုပေါင်း ၄၃ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment