Tuesday, September 4, 2018

အစိုးရဌာနများ ဘတ်ဂျက်ကို အမွေခွဲသလိုအပြိုင်အဆိုင်မတောင်းသင့်ဟု လွှတ်တော်အမတ်ဆွေးနွေး လတ်တလော မလုပ်ဖြစ်သည့် စီမံကိန်းကြီးများကို ရပ်ဆိုင်း (သို့မဟုတ်)ယာယီဖျက်သိမ်းသင့်ဟုဆို

အစိုးရဌာနများ အနေဖြင့် ဘတ်ဂျက်ငွေတောင်းခံ ရာတွင် ယောက္ခမသေ၍ အမွေ ခွဲသလို အပြိုင်အဆိုင်မတောင်း ဘဲ လိုသလောက်သာ တောင်းကြ ရန် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၅) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။ 
စက်တင်ဘာ ၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ၂၀၁၈-၁၉ အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေ၊ သုံးငွေများနှင့်စပ်လျဉ်း၍ ဦးရဲထွဋ်က ဝင်ရောက် ဆွေးနွေးခြင်းဖြစ် သည်။ 

‘‘ပြည်သူလူထုစားဝတ်နေ ရေးတွေ ပြေလည်စေဖို့အတွက် လောလောဆယ်မှာ အလုပ်မဖြစ် သေးတဲ့ စီမံကိန်းကြီးတွေဖြစ်တဲ့ မြေအောက်လမ်းတွေ၊ မိုးပျံလမ်း တွေ၊ မြို့သစ်စီမံကိန်းကြီးတွေကို လုံးဝရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်း (သို့မဟုတ်) ယာယီဖျက်သိမ်းဖို့ သင့်ရင် ဖျက်သိမ်းဖို့ လိုပါတယ်’’ ဟု ဦးရဲထွဋ်က ပြောသည်။ 

ဝန်ကြီးဌာနများအနေဖြင့် ၂၀၁၁-၁၂ တွင် ကျပ် ၇၉၂ ဘီလီယံ၊ ၂၀၁၆-၁၇ တွင် ကျပ် ၁,၆၈၇ ဘီလီယံနှင့် ၂၀၁၇-၁၈ တွင် ကျပ် ၂,၂၅၇ ဘီလီယံတို့ကို ဘတ်ဂျက်ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံခဲ့ခြင်းကြောင့် ယင်းသို့ ပြန်အပ်မည့်အစား မူလကတည်းက မတောင်းဘဲနေပါက ဘတ်ဂျက်လို ငွေများ လျော့နည်းမည် ဖြစ် ကြောင်း ဒီချုပ်ပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ထောက်ပြဆွေးနွေးသည်။ 

ဌာနတွင်း ဖောင်းပွနေသော ရာထူးများ ဖျက်သိမ်းသင့် 

‘‘ဘတ်ဂျက်လိုငွေလျှော့ချ ရေးအတွက် မလိုအပ်တဲ့ ဌာန တွေ၊ မလိုအပ်တဲ့ ရာထူးတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။ ဒီမိုက ရေစီနိုင်ငံမှာ အစိုးရပိုင် သတင်းစာတွေ၊ မီဒီယာတွေဆိုတာ မရှိ ပါဘူး။ အစိုးရမီဒီယာတွေအားလုံး ကို ပုဂ္ဂလိကပိုင်တွေအဖြစ် လုပ် သင့်ပါတယ်။ ဌာနတွေမှာ ဖောင်း ပွနေတဲ့ ရာထူးတွေကိုလည်း ဖျက် သိမ်းပေးဖို့ လိုပါတယ်။ ညွှန်ချုပ် တွေ၊ ဒုညွှန်ချုပ်တွေရှိပါလျက်နဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်တွေ အများ ကြီးခန့်အပ်တာကို ပြန်လည်သုံး သပ်စေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။ 

ထို့အပြင် အစိုးရသစ်တက် လာသည့်ကာလက ဝန်ကြီးဌာန ၁၈ ခုသာ ထားရှိပြီး ဒုဝန်ကြီးကို မခန့်ဘဲ ဝန်ကြီးတစ်ဦးလျှင် ကား တစ်စီးသာ ထားမည်ဆိုသည့်အ ချက်ကို ပြည်သူများသဘောကျ နှစ်သက်သော်လည်း ယခုအခါ တွင် ပြောင်းလဲသွားပြီဖြစ်ကြောင်း ဦးရဲထွဋ်က ပြည်ထောင်စုလွှတ် တော်တွင် ထောက်ပြပြောဆို သည်။ 

‘‘ယခင်အစိုးရလက်ထက်က ကျန်တဲ့သိန်းတစ်ထောင်တန် မာ စီဒီးကားတွေကို ခွဲဝေမယူကြဘဲနဲ့ လေလံတင်ရောင်းချရင်လည်း ကျွန်တော်တို့ဘတ်ဂျက်လိုငွေပြမှု ကို တစ်စိတ်တစ်ပိုင်းအထောက် အကူပြုမယ်လို့ မြင်ပါတယ်’’ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံကို ၂၀၃၀ ပြည့် နှစ်တွင် ထိပ်တန်းစက်မှုနိုင်ငံကြီး မျိုး တည်ဆောက်မည်ဟု ကြွေး ကြော်နေမည့်အစား လတ်တ လောတွင် ပြည်သူလူထုစားဝတ် နေရေးဖူလုံစေရန် အစိုးရအနေ ဖြင့် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း ဒီချုပ်ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမမမျိုးက ပြောသည်။ 

ထို့အပြင် နိုင်ငံတစ်ဝန်း တင် ဒါလုပ်ငန်းများကို သမ္မတရုံးညွှန် ကြားချက်အတိုင်း ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရအဖွဲ့အစည်းအားလုံး အကျအ ပေါက်မရှိ လိုက်နာဆောင်ရွက်ရ မည်ဖြစ်သော်လည်း လိုက်နာမှု အားနည်းနေကြောင်း စစ်ကိုင်း တိုင်းဒေသကြီးဒီချုပ်ပါတီမှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်က ထောက်ပြဆွေး နွေးသည်။ 

သတင်းနှင့် စာနယ်ဇင်းဌာန ဘာ ကြောင့် အရှုံးပေါ်ဟု မေးခွန်းထုတ်၂၀၁၈-၁၉ အမျိုးသားစီမံ ကိန်းဥပဒေကြမ်းနှင့် ပြည်ထောင် စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြန်ကြားရေးဝန် ကြီးဌာန၏သတင်းနှင့် စာနယ်ဇင်း ဌာနဝင်ငွေသည် ကျပ်ဘီလီယံ ၂၀ ကျော်ရှိပြီး အသုံးစရိတ်အနေဖြင့်ကျပ် ၂၁ ဘီလီယံကျော်ရှိရာ အရှုံးအနေဖြင့် တစ်ဘီလီယံကျော် ဖော် ပြပါရှိကြောင်း ဒေါ်အေးမမမျိုးက ပြောသည်။ 

‘‘ဒီစာနယ်ဇင်းလုပ်ငန်းဟာ နိုင်ငံတော်ရဲ့အရင်းအမြစ်တွေ၊ အဆောက်အအုံတွေ၊ မြေနေရာ တွေ သုံးထားပါတယ်။ နိုင်ငံတော် ကနေပြီးတော့ ဝန်ထမ်းတွေကို ခန့်ထားပေးပါတယ်။ ဈေးကွက် အကြီးမားဆုံးလည်း ရရှိထားပါ တယ်။ ကျန်တာတွေလည်း အများ ကြီးရရှိထားပါလျက်နဲ့ဒီလောက် ရှုံးတာဟာ ဘာကြောင့် ရှုံးရတာ လဲဆိုတာကို မေးချင်ပါတယ်’’ ဟု ၎င်းက ပြန်ကြားရေးဝန်ကြီး ဌာနကို ပြည်ထောင်စုလွှတ်တော် မှတစ်ဆင့် မေးခွန်းထုတ်ခဲ့သည်။ 

e-Government လုပ်နေသော် လည်း အီးမေးလ်လိပ်စာပင်မရှိ သည့်ဌာနအချို့ရှိနေဟုဆို 

ထို့အပြင် ပို့ဆောင်ရေးဝန် ကြီးဌာနက လုပ်ဆောင်နေသည့် e-Government ကို ဆောင်ရွက် နေသော်လည်း လက်ရှိအချိန်တွင် ဌာနဆိုင်ရာများကို ဆက်သွယ် သည့်အခါ အီးမေးလ်လိပ်စာ မရသေးသည့် အခြေအနေရှိသော ကြောင့် ထိုကိစ္စကို ဆောင်ရွက် ပေးသင့်ကြောင်း ၎င်းက ဆိုသည်။ ‘‘ကျွန်မတို့လွှတ်တော်ရေး ရာကအစ နိုင်ငံခြားရေးဝန်ကြီး ဌာနအဆုံး ဆက်သွယ်တဲ့အခါမှာ အီးမေးလ်နဲ့ တရားဝင်ဆက်သွယ် လို့မရပါဘူး။ ဝန်ထမ်းတွေကို တယ်လီဖုန်းနဲ့ စုံစမ်းတဲ့အခါမှာ နောက်လူတွေ လွှဲနေတယ်။ ဒီလိုမျိုး အဆင်မပြေမှုများစွာ တွေ့နေရပါတယ်။ ဒီအပိုင်းတွေကို အလျင်စလို ဆောင်ရွက်ပေးစေလိုပါ တယ်’’ဟု ဒေါ်အေးမမမျိုးက ပြော သည်။ 

အထက်ပါ ဆွေးနွေးချက် များအပါအဝင် ၂၀၁၈-၁၉ အမျိုး သားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရသုံး ဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်း လုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက် ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ က ပြန်လည်ဖြေကြားကာ စက်တင်ဘာ ၆ ရက်တွင် လာရောက်ရှင်းလင်းမည်ဟု လွှတ်တော်နာ ယက ဦးတီခွန်မြတ်က ကြေညာ သည်။

7Day

0 comments:

Post a Comment