Friday, September 28, 2018

စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားတိုက်လေယာဉ်များ ဒုံးကျည်အစင်း ၄၀ ကျော် ပစ်ခတ်



ရုရှားတိုက်လေယာဉ်တွေဟာ ပင်လယ်နက်ထဲမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ဒုံးကျည်အစင်း ၄၀ ကျော် ပစ်ခတ်ခဲ့ပြီး ဗုံးအလုံး ၂၀ ကျော် ကြဲချ လေ့ကျင့်ခဲ့ပါတယ်။ 
တိမ်တွေနဲ့ ကမ်းရိုးတန်း အထက်ကောင်းကင်မှာ ပျံသန်းနေတဲ့ တိုက်လေယာဉ်တွေဟာ ဗုံးတွေနဲ့ ဒုံးကျည်တွေ ကြဲချပစ်ခတ်နေတဲ့ ဒီဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ 

ဒီလေ့ကျင့်မှုနဲ့ပတ်သက်ပြီး ပင်လယ်နက်ထဲက ပစ်မှတ်တွေကို အောင်အောင်မြင်မြင်နဲ့ ထိအောင် ပစ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။ 

0 comments:

Post a Comment