Tuesday, September 4, 2018

ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗဟိုချုပ်ကိုင်မှုများလွန်း နေခြင်းကြောင့် ဘတ်ဂျက်ခွဲဝေမှု မညီမျှမှုဖြစ်ရဟုဆို


ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘတ်ဂျက်ခွဲဝေမှု မညီမျှမှု ဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ဗဟိုချုပ်ကိုင်မှုများလွန်း နေခြင်းကြောင့်ဟု ယူဆကြောင်း မြေပုံမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဖေသန်းက စက်တင်ဘာ ၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ 
၂၀၁၈-၂၀၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ လယ်ယာနှင့် ဆည်မြောင်း၊ နယ်စပ်ရေးရာ စသည့်ဝန်ကြီးဌာနများသည် မူလတန်းကျောင်းများ၊ ဆေးပေးခန်း များ၊ ကျေးရွာချင်းဆက်လမ်း၊ ရေတွင်းရေကန်များ အပါအ၀င် ငွေကျပ်သိန်း ၁၀၀ အောက် လုပ်ငန်းအသေးလေးများပါ ၀န်ကြီးဌာန၏ ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံကြသည်ကို တွေ့ရသည်ဟုလည်း ၎င်းကထည့်သွင်းဆွေးနွေးခဲ့သည်။ 

ယခုနှစ်တွင် ပြည်ထောင်စု၏ သုံးစွဲငွေသည် ငွေကျပ် ၂၄၉၅၄ ဘီလီယံကျော် ရှိကြောင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေနှင့် ချေးငွေသည် ၂၁၆၀ ဘီလီယံကျော်သာရှိခြင်းကြောင့် ပြည်ထောင်စုအသုံးစရိတ်၏ ၈ ဒသမ ၆၅ ရာခိုင်နှုန်း ခန့်သာ ရှိသည်ကိုတွေ့ရသည်။ နှစ်စဉ်လည်း ၁၀ ရာခိုင်နှုန်းအောက်၌ သာရှိသည် ကို လေ့လာသိရှိရကြောင်း၊ ယခုကဲ့သို့ အခြေအနေ များကြောင့် ပြည်နယ်နှင့် ပြည်မဖွံ့ဖြိုးတိုး တက်မှုသည် အလှမ်းပိုကွာဝေး လာသည်ကို မြင်တွေ့ရကြောင်းလည်း ဦးဖေသန်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။ 


The Ladies News

0 comments:

Post a Comment