Tuesday, September 4, 2018

ပဲခူးတိုင်းရှိ ရေကာတာပေါင်း ၂၀ ရေပိုလွှဲအထက်သို့ ရေကျော်နေဟု ထုတ်ပြန်


ပဲခူးတိုင်းဒေသကြီးအတွင်း ရေကာတာ ၃၉ ခုရှိသည့် အနက် ၂၀ ၌ ရေပို လွှဲအထက်သို့ ရေကျော်နေကြောင်း တိုင်းဒေသကြီးအစိုးရက စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ 
ရေပိုလွှဲအထက် ၄ ပေကျော်ရေကျော်နေသော ရဲနွယ်ရေကာတာအပါအ၀င် ပဲခူးခရိုင်အတွင်း ရေကာတာ ခုနစ်ခု၊ တောင်ငူခရိုင်တွင် လေးခု၊ သာယာဝတီခရိုင်တွင် ခြောက်ခု၊ ပြည်ခရိုင်တွင် သုံးခုသည် ရေပိုလွှဲအထက်သို့ ရေကျော်နေသည်။ 

‘‘ရေပိုလွှဲကနေ ရေကျော် တာက မိုးများတဲ့အခုလို ကာလမှာဖြစ်လေ့ရှိပါတယ်။ တစ်ခါတစ် လေ ၁၀ ပေအထက်ကျော်တာ တောင်ရှိပါတယ်။ အခုအခြေအ နေကတော့ ဘာမှပြဿနာမရှိပါ ဘူး’’ဟု ပဲခူးတိုင်းဒေသကြီး စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် က ပြောသည်။ 

‘‘တာဝန်ကျဝန်ထမ်းတွေအ နေနဲ့ နေ့ရောညပါ ကင်းလှည့်စစ် ဆေးနေပါတယ်။ နောက်ပြီး ရေပို လွှဲကနေ ရေကျော်တာက စိုးရိမ် မှုလွန်ကဲနေရမယ့် အခြေအနေမ ဟုတ်ပါဘူး။ ဇွန်လတုန်းကဆိုရင် ဒီထက်ကျော်ခဲ့တာပါ။ ကျွန်တော် တို့က လက်ရှိအခြေအနေတွေကို သိရှိအောင် သတင်းထုတ်ပြန်တာ ပါ’’ဟု ရေကာတာထိန်းသိမ်းရေး တာဝန်ခံတစ်ဦးက ပြောကြား သည်။ 

ရေပိုလွှဲအထက်၌ ၄ ဒသမ၅ ပေ ကျော်လွန်နေသော ရဲနွယ် ရေကာတာမှ ရေများ ရဲနွယ်ချောင်းအတွင်းစီးဝင်ကာ ချောင်း ကူးတံတားနှစ်စင်းမျောပါသွားခဲ့ သည်။ သြဂုတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် ဆွာရေကာတာရေပိုလွှဲ ကျိုးကျသည့် ရေဘေးနှင့် ဆက် စပ်ကာ လူ ခြောက်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေဆဲ ဖြစ်သည်။ နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည့် ဒေသများတွင် ပဲခူးတိုင်းဒေသကြီး ပါဝင်နေ၍ ရေကာတာများအ တွင်း ရေဆက်လက်တိုးလာနိုင် သည့် အခြေအနေရှိသည်။

7Day


0 comments:

Post a Comment