မက်သာဖီသာမင်းမူးယစ်ဆေး ၃၅၀ ကီလိုဂရမ်ကျော်ကို ထိုင်ဝမ်ဆီ တင်ပို့ဖို့ ကြံစည်ကြိုးစားတယ် သံသယရှိရတာကြောင့် ထိုင်ဝမ်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဘန်ကောက်မှာ ပြုလုပ်တဲ့ စက်တင်ဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ချန်အန်းယီပင်းဆိုသူ ထိုင်ဝမ်နိုင်ငံသားဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာခဲ့တာဖြစ်ပြီး ပတ္တားဆိပ်ကမ်းမြို့မှာ သူ့ကို ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းမှာ ice အပြင် ယာဘလို့လည်း ခေါ်တဲ့ မက်သာဖီသာမင်းဆေးပြား ၃၅၅ ကီလိုဂရမ်ကို ထိုင်ဝမ်ကို မှောင်ခိုကုန်ကူးဖို့ ကြိုးစားနေတယ် စွဲဆိုချက်နဲ့ ဖမ်းဆီးထားတာ ဖြစ်တယ်လို့ မူးယစ်ထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလို ဖမ်းဆီးနိုင်တာဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရယ်၊ အာဆီယံလေဆိပ်များ စစ်ဆေးရေး လုပ်ငန်းအဖွဲ့ရယ်၊ အာဆီယံကမ်းခြေများ စစ်ဆေးရေး လုပ်ငန်းအဖွဲ့တွေရဲ့ ပေးပို့တဲ့ သတင်းအချက်အလက်တွေကြောင့် ဖမ်းဆီးနိုင်တာဖြစ်တယ်လို့ မူးယစ်ထိန်းချုပ်ရေးဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် ဆီရန်ယာက ပြောခဲ့ပါတယ်။
မဇ္ဈိမ
0 comments:
Post a Comment