Monday, September 3, 2018

ရိုက်တာသတင်းထောက်နှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး လုပ်နိုင်သည့်အရာအားလုံး ဆောင်ရွက်မည်ဟု ရှေ့နေပြောကြား



ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်မှုအပေါ် သတင်းမီဒီယာ များအပါအဝင် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေသည်။ 
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ကတိကဝတ်ဖြင့်တက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ယင်းပုဒ်မဖြင့် သတင်းထောက်နှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ ခြင်းဖြစ်သည်။ 

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်ကြောင်း တရားသူကြီး ဆုံးဖြတ် 
ရိုက်တာသတင်းထောက်နှစ်ဦးသည် နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေကိုကျူးလွန်ကြောင်း ထင်ရှားသည်ဆိုကာ ထောင်ဒဏ်ခုနစ်စီ ကျခံရန် တရားသူကြီးက ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။ 

သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အတွက် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးရဲလွင် က အပြီးသတ်အမိန့် ဖတ်ကြား ရာတွင် ၎င်းတို့နှစ်ဦးထံမှ နိုင်ငံ တော်လုံခြုံရေး လျှို့ဝှက်စာရွက် စာတမ်းများ၊ ဒုသမ္မတဦးမြင့်ဆွေ ၏ ရခိုင်ပြည်နယ်ခရီးစဉ် လျှို့ ဝှက်စာရွက်စာတမ်းများ၊ ပုပ် ရဟန်းမင်းကြီး၏ ခရီးစဉ် ထိပ် တန်းလျှို့ဝှက်စာရွက်စာတမ်းများ နှင့် မောင်တောဒေသရှိ အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့၏ ကန့် သတ်လျှို့ဝှက်ချက် စာရွက်စာ တန်းများ တွေ့ရှိခဲ့ကြောင်း တရားသူကြီးက ပြောသည်။ 

ထို့အပြင် သတင်းထောက် ကိုဝလုံး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ မှတ်စုစာအုပ်အတွင်း AA အဖွဲ့မှ ဒေါက်တာညိုထွန်း အောင် ဖုန်းနံပါတ်တွေ့ရှိခဲ့ ကြောင်း တရားသူကြီးက ပြော သည်။ AA အဖွဲ့သည် နိုင်ငံတော် အစိုးရကို တိုက်ခိုက်နေသော အဖွဲ့အစည်းဖြစ်ကြောင်း တရား သူကြီးက ဆိုသည်။ 

၎င်းတို့၏ လက်ကိုင်ဖုန်းအ တွင်းမှလည်း နိုင်ငံတော်လုံခြုံရေး အတွက် လျှို့ဝှက်စာရွက်စာတမ်း များ တွေ့ရှိခဲ့၍ ၎င်းတို့နှစ်ဦးကို တရားစွဲဆိုထားသည့် ပုဒ်မနှင့် ငြိ စွန်းသည်မှာ ထင်ရှားနေကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ 

ထောင်ချောက်ဆင် ဖမ်းဆီးခံရ သည့်အချက်များ မထင်ရှားဟုဆို 
သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ သည်ဟု ထွက်ဆိုထားသည့် တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင် ထွက်ဆိုချက်သည် အခြား တရားလိုပြသက်သေ ၂၁ ဦး၏ ထွက်ဆိုချက်များနှင့် ကွဲလွဲနေ သောကြောင့် ထည့်သွင်းစဉ်းစား ရန် သင့်လျော်မှုမရှိကြောင်း တရားသူကြီးက ဆိုသည်။ 

ထို့အပြင် ဒုတပ်ကြပ် နိုင် လင်းက ရိုက်တာသတင်းထောက် နှစ်ဦးအား လျှို့ဝှက်စာရွက်စာ တမ်းများပေးသည်ဟု တရားခံ များဘက်က ပြောဆိုသော်လည်း အခိုင်အမာသက်သေမတင်ပြနိုင် ကြောင်း တရားသူကြီးက ပြော သည်။ ထောင်ဒဏ်ခုနစ်နှစ်တွင် သတင်းထောက်နှစ်ဦးအား ချုပ် နှောင်ထားသည့် ရှစ်လကျော်ကို ထုတ်နုတ်ခံစားခွင့်ရှိကြောင်း ဦးရဲ လွင်က အမိန့်ချသည်။ 

မတရားထောင်ဖမ်းပြီး တစ်ဖက် သတ် စီရင်ချက်ချခဲ့ကြောင်း ကိုဝလုံးပြော 
ပုပ်ရဟန်းမင်းကြီး ခရီးစဉ် စာရွက်စာတမ်း တွေ့ရှိခြင်း၊ ဒုသမ္မတဦးမြင့်ဆွေ၏ ခရီးစဉ် စာရွက်စာတမ်း တွေ့ရှိခြင်းနှင့် AA အဖွဲ့မှ ဒေါက်တာညိုထွန်း အောင် ဖုန်းနံပါတ်တွေ့ရှိခြင်း ကြောင့် ထောင်ချခြင်းသည် တရားမျှတမှုမရှိကြောင်း ရိုက် တာသတင်းထောက် ကိုဝလုံးက တရားရုံးမှအထွက်တွင် သတင်း ထောက်များအားပြောသည်။ 

‘‘ဒါက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ် ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ။ ခြိမ်းခြောက်တာ လို့ ပြောချင်တယ်။ ကျွန်တော်တို့ ဒီအနေအထားအပေါ်မှာ အတည် ငြိမ်ဆုံးနဲ့ အကောင်းဆုံးရင်ဆိုင် သွားပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် ဘာမှ အ မှားမလုပ်ခဲ့တဲ့အတွက်ကြောင့် အမှားမလုပ်ခဲ့သူက ဘယ်အရာ မှ ကြောက်ရွံ့စေမှာ မဟုတ်ပါ ဘူး’’ဟု ကိုဝလုံးက တရားရုံး အထွက်တွင် ပြောကြားသည်။ 

ထို့အပြင် ၎င်းတို့နှစ်ဦးသည် ထောင်ဖမ်းခံရခြင်းဖြစ်ပြီး အပြစ် မရှိဘဲ တစ်ဖက်သတ်စီရင်ချက်ချ ခံရခြင်းဖြစ်ကာ မျှတမှုလုံးဝမရှိ ကြောင်း ကိုဝလုံးက ဆက်ပြော သည်။ 

‘‘ကျွန်တော်တို့ကို ထောင်ချ မယ့်အစား ပြည်သူတွေရဲ့ နား တွေ၊ မျက်စိတွေကို ပိတ်လိုက်ပါ တော့’’ဟု ကိုကျော်စိုးဦးက သတင်းထောက်များအား အော် ဟစ်ပြောသည်။ 

ရိုက်တာ သတင်းထောက် နှစ်ဦး လွတ်မြောက်ရေး လုပ်နိုင်သည့်အရာအားလုံးကို လုပ် ဆောင်မည်ဖြစ်ကြောင်း ၎င်းတို့၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။ 

‘‘မိသားစုဝင်တွေဆီ ပြန်လာ နိုင်မယ်လို့ အကုန်လုံးက မျှော် လင့်ထားကြတာလေ။ အခုတော့ ဘာပြောရမှန်းကို မသိတော့ပါ ဘူ။ လွှတ်မယ်ဆိုပြီး မျှော်လင့် ထားတာ။ ကိုယ့်သမီးလေး မျက် နှာမြင်တိုင်း စိတ်မကောင်းဘူး လေ။ အခုတော့ ထောင်ဝင်စာပဲ သွားတွေ့ဖို့ စီစဉ်နေတယ်’’ဟု ကိုဝလုံးဇနီး မပန်းအိမွန်က ယမန် နေ့ရုံးချိန်းအပြီး မွန်းလွဲပိုင်းတွင် ငို၍ပြောသည်။ 

သတင်းစာဆရာများက ပြင်းပြင်းထန်ထန် ကန့်ကွက် 
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခြင်းသည် ဖိနှိပ်ခံနေရသည့် မီဒီယာကို သတင်းရေးသားမှုနှင့် ပတ်သက်ပြီး ထပ်မံ၍ ကန့်သတ် ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးမြင့် ကျော်က ပြောသည်။ 

‘‘ဒီမိုကရေစီပြည့်ဝတဲ့ လူ့အ ဖွဲ့အစည်းဆိုတာ သတင်းစာ ဆရာတွေကို ထောင်ချတဲ့ အဖွဲ့ အစည်းမဟုတ်ဘူး။ ဒီကနေ့က သမိုင်းမှာ အမည်းစက်စွန်းထင်း တဲ့နေ့အဖြစ် ကျန်ခဲ့မှာပဲ။ ထောင် ဒဏ်ခုနစ်နှစ်ဆိုတာ သတင်းမီဒီ ယာက လွတ်လပ်ခွင့်မရှိရုံတင် မကတော့ဘူး။ သတင်းမီဒီယာကို ခြိမ်းခြောက်ခံရတဲ့၊ တိုက်ခိုက်ခံရ တဲ့ အခြေအနေပါ ရောက်သွား ပြီ။ ဒါဟာ ဒီမိုကရေစီဖော်ဆောင် တဲ့ အစိုးရဆိုရင် တော်တော်ကို အရှက်ရစေမယ့်ကိစ္စပဲ’’ဟု ရန် ကုန်သတင်းစာသင်တန်းကျောင်း (YJS) ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောသည်။ 

ချက်ချင်းပြန်လွှတ်ပေးရန် ကုလ နှင့် နိုင်ငံတကာ သံတမန်များ တောင်းဆို 
ရိုက်တာသတင်းထောက် နှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အ စည်းများနှင့် သံရုံးများကလည်း ကြေညာချက်များ ချက်ချင်းထုတ် ပြန်၍ တောင်းဆိုသည်။ 

ရိုက်တာသတင်းထောက် နှစ်ဦးကို အပြီးသတ်အမိန့်ချသည့် ယမန်နေ့ ရုံးချိန်းသို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်၊ ဥရောပသမဂ္ဂမှ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင် ရာ ဗြိတိန်သံအမတ်ကြီး၊ နယ် သာလန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်သံရုံးတို့မှ သံအ ရာရှိများ အသီးသီးလာရောက် နားထောင်ခဲ့သည်။ 

‘‘ယူကေအစိုးရနဲ့ အီးယူအ ဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုပြီး ပြောချင်တာကတော့ အခု ချမှတ် လိုက်တဲ့ စီရင်ချက်က အလွန်အ မင်း စိတ်ပျက်စရာ ကောင်းပါ တယ်။ ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးကို မျှော်လင့်ချက် အများကြီးပျက် ပြားစေပါတယ်’’ဟု ဗြိတိန်သံအ မတ်ကြီး ဒန်ချက်က ပြောသည်။ 

ထို့အပြင် မြန်မာသတင်းမီဒီ ယာသမားများနှင့် တက်ကြွလှုပ် ရှားသူများသည် တရားရုံးသို့ လာ ရောက်စောင့်ကြည့်ခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး အရေး ကြီးလုံခြုံရေး စာရွက်စာတမ်းအ ထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည် ရွယ်ချက်ဖြင့် တရားမဝင်သတင်း ရယူ ဆောင်ရွက်ခဲ့သည်ဆိုကာ ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက်များ ဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ၂၀၁၇ဒီဇင်ဘာ ၁၂ ရက် ညက ဖမ်းဆီးပြီးတရားစွဲဆိုခဲ့သည်။ သတင်း ထောက်နှစ်ဦးကို ရှစ်လကျော်အ တွင်း ရုံးချိန်း ၃၇ ခုချိန်းဆိုပြီး အ ပြီးသတ်အမိန့်ချခြင်းဖြစ်သည်။


7Day

0 comments:

Post a Comment