Monday, September 3, 2018

ဆွာနှင့်ရေတာရှည်ဘူတာကြားသံလမ်း ယာယီအသုံးပြုနိုင်ရန် တစ်ပတ်ခန့်ကြာနိုင်


ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ရေတိုက်စား၍ ပျက်စီးမှုများဖြစ်ပေါ်နေသည့်ဆွာ နှင့် ရေတာရှည်ဘူတာအကြား သံလမ်းယာယီအသုံးပြုနိုင်ရန် တစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီ ယာဌာန အထွေထွေမန်နေဂျာ ဦးမောင်မောင်သွင်က ပြောသည်။ 
လမ်းပျက်စီးမှုကြောင့် ရန် ကုန်-မန္တလေး-နေပြည်တော် ခရီးစဉ်များတိုက်ရိုက်ပြေးဆွဲခြင်း ကို ဩဂုတ် ၂၉ ရက်ကစ၍ရပ်နား ထားကာ လမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေသည်။ 

‘‘သံလမ်းတစ်ခြမ်းကိုတော့ အမြန်ဆုံးစဖွင့်ပြီးသုံးနိုင်အောင် ကြိုးစားနေတယ်။ အခုတော့ ကျောက်ရထားဝင်လို့ရတဲ့အခြေ အနေကတော့ ရောက်နေပြီ။ ယာ ယီအသုံးပြုနိုင်မယ့်အဆင့်ရောက် အောင်ပြုပြင်မှုတွေကို တစ်ပတ် လောက်လုပ်ရမယ်လို့ခန့်မှန်း တယ်’’ ဟု ဦးမောင်မောင်သွင်က စက်တင်ဘာ ၃ ရက်တွင်ပြော သည်။ 

အဆိုပါလမ်းပိုင်းတွင် သံ လမ်းပြုပြင်နေ၍ ရထားတိုက်ရိုက် ပြေးဆွဲနိုင်ခြင်းမရှိသော်လည်း စက်တင်ဘာ ၁ ရက်ကစ၍ ရန် ကုန်မှထွက်ခွာသည့်ရထားသည် ရေတာရှည်ဘူတာအထိပြေးဆွဲ ပေးကာ ယင်းဘူတာမှယာဉ်များ ဖြင့် ဆွာဘူတာသို့ပို့ဆောင်ပေး ပြီး မန္တလေးသို့ထွက်ခွာမည့်ရထား ပြောင်းစီးနိုင်ရန် စီစဉ်ပေးခဲ့သည်။ 

အလားတူ မန္တလေးမှထွက် ခွာသည့်ရထားသည် ဆွာဘူတာ သို့ရောက်ရှိပြီး ယာဉ်များဖြင့် ပို့ ဆောင်ပေး၍ရေတာရှည်ဘူတာ ၌ ရန်ကုန်သို့ထွက်ခွာမည့် ရထားကို ပြောင်းစီးနိုင်ရန် စီစဉ်ပေးထားသည်။ 

ဘူတာနှစ်ခုအကြား ခရီး သည်များကို လွှဲပြောင်းသယ် ဆောင်ပေးသည့်ယာဉ်များကို တပ်မတော်ကကူညီပံ့ပိုးပေးထား ပြီး သံလမ်းပြုပြင်ခြင်းလုပ်ငန်း များတွင် တပ်မတော်သား ၁၀၀ ခန့်က ပါဝင်ကူညီနေကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူများ က ပြော သည်။ 

အဆိုပါလမ်းပိုင်းသည် ဩ ဂုတ် ၂၉ ရက်ကဆွာရေလှောင် တမံကျိုးမှုကြောင့် ရေတိုက်စားခံရကာ သံလမ်းရှစ်မိုင်ခန့် ဆိုးရွား စွာပျက်စီးခဲ့သည်။

7Day

0 comments:

Post a Comment