Tuesday, September 4, 2018

လားရှိုးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လားရှိုး-နမ္မတူ ကားလမ်းပေါ် ရေကျော်မှုဖြစ်ပွား



ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နမ့်ယော်ချောင်း ခေါ် အေတီချောင်း ရေလျှံကာ နေအိမ်အချို့ ရေနစ်မြုပ်ခြင်း၊ လယ်မြေများ ရေနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လားရှိုး -နမ္မတူ ကားလမ်းပေါ်ရှိ အီနိုင်းကျေးရွာ အတွင်းရှိ ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သဖြင့် နမ္မတူ-လားရှိုး ခရီးသည်တင်ယာဉ်များ ဖြတ်သန်းမရ ဖြစ်ခဲ့ကြောင်း သိရသည်။ 
စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အီနိုင်းကျေးရွာ အတွင်းရှိ ကားလမ်းပေါ်ရေကျော်နေမှုမှာ ရေအနည်းငယ်သာ ကျဆင်းသဖြင့် နမ္မတူဘက်မှ လာသော ခရီးသည်များအား အမှတ်(၉၁၂) စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ယမဟာဂျွန်ဆင်စက်လှေငယ်ဖြင့် ကမ်းတစ်ဖက်စီသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 









■ထွန်းနေလှိုင်(နောင်ပိန်)
Eleven Media Group

0 comments:

Post a Comment