Tuesday, September 4, 2018

ကြားဖြတ်ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမှာ NLD မဲဆွယ်စည်းရုံးရေး စတင်


မကြာမီကျင်းပပြုလုပ်တော့မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့နယ် NLD ပါတီကနေ မဲဆွယ်စည်းရုံးရေးကိုစတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်လျက်ရှိပြီး အဲဒီနေရာကို NLD ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါန် က ၀င်ရောက်အရွေးချယ်ခံမှာဖြစ်ပါတယ်။
မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် နိုင်ငံရေးပါတီစုစုပေါင်း ၆ ခုက ၀င်ရောက်ရွေးချယ်ခံဖို့ စာရင်းပေးထားကြတယ်လို့သိရပါတယ်။
အဲဒီတွေကတော့ အခုမဲဆွယ်စည်းရုံးမှုစတင်တဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါန် ၊ ကချင်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဦးကွမ်ဂေါင်အောင်ခမ်း ၊ ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွှတ်ရေးပါတီကိုယ်စားလှယ် ဒေါ်ခင်အုန်း ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဆီဟူးဒွေ့၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာသန်းထိုက်ဦး၊ ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဒေါ်အမ်ဒီခေါညွယ် တို့ဖြစ်တယ်လို့ သိရပါတယ်။







Photo - မြစ်ကြီးနားမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Popular News Journal

0 comments:

Post a Comment