Thursday, September 27, 2018

တရုတ်တွင် တီဘီကူးစက်မှု လျော့ကျရေး အားထုတ်မှု တိုးတက်


တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံးနှုန်းနဲ့ တီဘီအဆုတ်နာရောဂါ ကူးစက်နေတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပေမယ့် ကူးစက်မှုလျော့ကျရေး အားထုတ်မှုတွေမှာတော့ တိုးတက်မှုတွေ ရှိနေပါတယ်။

မနှစ်က တရုတ်နိုင်ငံမှာ တီဘီကူးစက်မှုအသစ်ဟာ ကမ္ဘာ့စုစုပေါင်း ကူးစက်မှုရဲ့ ၉ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။
တီဘီရောဂါကြောင့် တရုတ်နိုင်ငံမှာ နေ့စဉ် ပျမ်းမျှ လူအယောက် ၁၀၀ လောက် သေဆုံးနေတာပါ။
ဒါ့အပြင် လူအများအပြား ကူးစက်ခံရတဲ့ တီဘီအမျိုးအစားက ဆေးယဉ်ပါးတီဘီ ဖြစ်နေတာကြောင့် လူနာတွေဟာ ကာလကြာရှည် ကုသခံဖို့ လိုအပ်နေတာပါ။
“တရုတ်ဟာ ရေရှည်ဖွံ့ဖြိုးရေး ပန်းတိုင်တွေကို ရောက်အောင်သွားဖို့ ကတိပြုထားတယ်၊ တီဘီဟာလည်း ပန်းတိုင် ပစ်မှတ်တွေထဲက တခုပဲ၊ အခုအချိန်ကစပြီး ၂၀၃၀ ကြားမှာ ကတိကို အရေးယူ ဆောင်ရွက်မှုအဖြစ် အသွင်ပြောင်းဖို့လိုတယ်၊ မြန်လေ ကောင်းလေပေါ့” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ စည်းမျဉ်းကြပ်မတ်ရေးရုံးက ညှိနှိုင်းရေးမှူး ဖာဘီယို စကာနိုက ပြောပါတယ်။
စိန်ခေါ်မှုတွေ ရှိနေပေမယ့် တရုတ် တီဘီကူးစက်နှုန်းဟာ ကမ္ဘာ့ပျမ်းမျှကူးစက်မှု ရာခိုင်နှုန်းအောက် အမြန်လျော့ကျနေပြီး ဒီနှစ်မှာတော့ ကူးစက်မှု ၃ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။

DVB

0 comments:

Post a Comment