ဘာကထရေအား လျှပ်စစ်စီမံကိန်းစူးစမ်းလေ့လာ ရန်လုပ်ငန်းစဉ်သတ်မှတ်ထားမှု ကိုတိုင်းအစိုးရ၊ KNU နှင့် ကုမ္ပဏီ တာဝန်ရှိသူများက စက်တင်ဘာ ၂၆ ရက်တွင် တောင်ငူခရိုင် ကျောက်ကြီးမြို့ဒေသခံများအား ရှင်းလင်းတင်ပြခဲ့သည်။
ပဲခူးတိုင်းဒေသကြီးကျောက် ကြီးမြို့နယ် ဘောကထချောင်း ပေါ်၌ တည်ဆောက်မည့်အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း BOT စ နစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်စီမံကိန်းဖြစ်နိုင် ခြေလေ့လာစမ်းသပ်မှုအစီရင်ခံ စာပြုစုရေးအတွက် ယခင်အစိုးရ လက်ထက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သူးလေကုမ္ပဏီလီမိတက်တို့အကြား ၂၀၁၆ ဖေဖော်ဝါရီက နားလည်မှုစာချွန်လွှာ ရေးထိုးထားခြင်းဖြစ်သည်။
‘‘လေ့လာမှုက ထင်တာ ထက်ပိုကြာမြင့်ခဲ့တယ်။ ဒေသခံ တွေနဲ့တွေ့ဆုံပြောပြရမှုတွေ၊ ဒေ သအခြေအနေကြောင့်လေ့လာရ မှုတွေက အချိန်ပိုယူသွားတာပေါ့။ MoU အရစီမံကိန်းဖြစ်နိုင်ခြေကို သတ်မှတ်ထားတဲ့ ၂နှစ်အတွင်း မတင်နိုင်ခဲ့ဘူး။ ဒီတော့ ၀န်ကြီး ဌာနကို ပြန်တင်ပြတဲ့အခါမှာဝန် ကြီးဌာနက ၁၈ လထပ်မံခွင့်ပြု ပေးထားပါတယ်။ ဆိုတော့ဒါကို နိုင်ငံတကာ အကူအညီတွေနဲ့ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ဒီ ကနေ့မှာ လူထုသိအောင်ကျွန်မ တို့ရှင်းပြတာပါ’’ ဟု သူးလေ ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဒေါ်ဆည်းဆာကပြောသည်။
စီမံကိန်းဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှုကို ကဏ္ဍသုံးခုခွဲခြား၍ ပြုလုပ်မည်ဖြစ်ရာ သူးလေ ကုမ္ပဏီက မြေမျက်နှာပြင်အနေ အထားတိုင်းတာခြင်း၊ နော်ဝေး နိုင်ငံက ဘူမိဗေဒဆိုင်ရာလေ့လာ ဆန်းစစ်ခြင်းနှင့် နယူးဇီလန်နိုင်ငံ ကလူထုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာဆန်းစစ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင်နော်ဝေးနှင့် နယူး ဇီလန်နိုင်ငံထောက်ပံ့မှုဖြင့်နိုင်ငံ တကာမှ ပညာရှင်များကို ငှားရမ်း ဆန်းစစ်စေမည်ဖြစ်ကြောင်း လည်းပြောသည်။
အခမ်းအနားသို့ပဲခူးတိုင်း ၀န်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုး ရအဖွဲ့တာဝန်ရှိသူများ၊ KNU စီး ပွားရေးကော်မတီ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်နှင့် နယူးဇီလန်သံအ မတ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန တာဝန်ရှိသူများလည်း တက်ရောက်ပြီး စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ၊ အရပ်ဘက်အဖွဲ့များ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားသည်။
ကရင်လူမျိုး အများစုနေ ထိုင်ရာ ကျောက်ကြီးမြို့တွင် ပြု လုပ်မည့်ရေအားလျှပ်စစ်စီမံကိန်း သည်ဖွံ့ဖြိုးရေးကို အခြေခံသည့် စီမံကိန်းဖြစ်၍ ဒေသခံတောင်သူ လယ်သမားများအားကိုးရာဖြစ် လာနိုင်ကြောင်း ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။
KNU အနေဖြင့် အပစ်အ ခတ်ရပ်စဲရေးကာလအတွင်းမိမိ တို့၏ အခြေခံနယ်မြေများအတွင်း သို့ဝင်ရောက်လုပ်ကိုင်လာနိုင်ခြေ ရှိသည့် စီးပွားရေးလုပ်ငန်းများ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ် လျှောက်တွင် ကြုံတွေ့ရနိုင်သည့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်ဘောကထရေ အားလျှပ်စစ်စီမံကိန်း MoU ရေး ထိုးရခြင်းဖြစ်ကြောင်းနှင့် ဒေသခံ များ၏ သဘောထားကိုမျက်ကွယ် ပြု၍ လုပ်ဆောင်မည်မဟုတ် ကြောင်း KNU အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။
‘‘ရေအားလျှပ်စစ်စီမံကိန်း ကို ဆိုးကျိုးတွေပဲပိုဖြစ်တယ်ဆို ပြီးတော့ဦးစားပေးတင်ပြတာတွေ တွေ့ရတယ်။ ကျွန်တော်တို့အနေ နဲ့ လုပ်မယ်ဆိုရင် သဘာဝပတ် ၀န်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်ဖို့အဆင့်မြင့်နည်းပညာတွေ အသုံးပြုမှာဖြစ်တယ်။ လူထုအား လုံးနဲ့သဟဇာတဖြစ်အောင်လုပ် ဆောင်မှာဖြစ်ပါတယ်’’ ဟု ပဒို စောတာဒိုမူးက ပြောသည်။
ဘောကထရေအားလျှပ်စစ် စီမံကိန်းသည် ယခင်လွတ်လပ် ရေးမရမီကတည်းက လောပိတ ရေအားလျှပ်စစ်စီမံကိန်းနှင့် အ ပြိုင်အကောင်အထည်ဖော်ရန်စီ စဉ်ခဲ့သည့်နိုင်ငံတော်စီမံကိန်းဖြစ် ပြီး ၁၉၅၄ ဦးနုလက်ထက်တွင် USR အဖွဲ့နှင့် သုတေသနတစ်ကြိမ်ပြုလုပ်ခဲ့သည်။
ထို့နောက် ၁၉၅၄ တွင် ဒုတိယအကြိမ်ထပ်မံကြိုးစား ခဲ့ပြီး နယ်မြေမငြိမ်းချမ်းမှုများ ကြောင့် ယင်းစီမံကိန်းကိုရပ်တန့် ခဲ့ရသည်။
ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်ကအစိုး ရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာ ချုပ် (NCA) လက်မှတ်ရေးထိုး ခဲ့သည့် လက်နက်ကိုင်အဖွဲ့အ စည်းရှစ်ဖွဲ့တွင်ပါဝင်သည်။
7Day
0 comments:
Post a Comment