Tuesday, September 4, 2018

သင်္ဘောပေါ်တက်ပြီး ဓားကိုင်အနုကြမ်းစီးသူများကို ရဲက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးသေဆုံး


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးတူးမြောင်းအတွင်း ကျောက်ချရပ်နားနေသော ကျော်သယ် ရေယာဉ်ပေါ်သို့ တက်ရောက်၍ ဓားကိုင်အနုကြမ်းစီးသူနှစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နှစ်ဦးစလုံး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 
ဆိပ်ကြီး ခနောင်တိုမြို့နယ်ရှိ တွံတေးတူးမြောင်းအတွင်း ရပ်နားထားသော သင်္ဘောရေယာဉ်များအား မကြာခ ဏ အနုကြမ်းစီး လုယက်မှုများဖြစ်ပေါ်နေသည်ဆိုသည့် သတင်းပေးချက်ကြောင့် နယ်မြေပိုင်ရဲတပ်ဖွဲ့ဝင် ပူး ပေါင်းအဖွဲ့သည် ယင်းတူးမြောင်းအတွင်းရှိ ကျောက်ကြီးကွင်းတွင် ကျောက်ချရပ်နားထားသော ဦးစံသိန်းပိုင် ဆိုင်သော ကျောက်တင်သည့် မြတ်ပုဝါကျောက်သင်္ဘောပေါ်တွင် ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။ 

ထိုသို့စောင့်ဆိုင်းနေစဉ် စက်တင်ဘာ ၄ရက် နံနက် ၁၂ နာရီကျော်အချိန်တွင် ဓားရှည်ကိုင်ဆောင်သူ ၂ ဦး အ ပါအ၀င် လူ ၃ ဦး သင်္ဘောအနီး သို့ရောက် ရှိလာကာ ဓားရှည်ကိုင်ဆောင်ထားသူနှစ်ဦးမှ အနုကြမ်းစီးရန် သ င်္ဘောပေါ်တက်လာသည့်အတွက် ရဲတပ်ဖွဲ့က လက်နက်ချ အဖမ်းခံရန်ပြောသော်လည်း ပြန်လည် ခုခံသည့်အ တွက် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နှစ်ဦးစလုံး သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စက်လှေပေါ်၌ ကျန်ရစ်သည့် ဓားကိုင်အဖွဲ့နှင့်ပါလာသူ တစ်ဦးမှာ တူးမြောင်းအတွင်း ခုန်ချထွက်ပြေး လွတ် မြောက်သွားပြီး သေဆုံးသူ ဓားရှည်ကိုင်ဆောင်သူနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် ဇော်မင်းထိုက်၏ ယာ နားထင် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

သေဆုံးသူနှစ်ဦးအား ဆေးရုံသို့ ပို့အပ်၍ အသေးစိတ်စစ်ဆေးလျက်ရှိပြီး ခုန်ချထွက်ပြေးသွားသူ(၁)ဦးအား ဆိပ် ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် တွံတေးတူးမြောင်းအတွင်း ရပ်ထားသော ရေယာဉ်များပေါ်သို့ တက်ရောက်ပြီး မကြာခဏ အနုကြမ်းစီး လုယက်လေ့ရှိသူများကိုလည်း ဆက်လက် စုံစမ်းဖမ်းဆီး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က စက်တင်ဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 


ဒါးဇ(အကုန်သိသတင်းဌာန)


0 comments:

Post a Comment