၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ပလပ်စတစ်ကုလားထိုင်တစ်လုံး ၇ သောင်းကျပ်ပြထားတာ ဘဝင်မကျစရာ ဖြစ်နေတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ထောက်ပြဝေဖန်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြတာပါ။
ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းရဲ့ ရုံးသုံးပရိဘောဂ ခေါင်းစဉ်အောက်မှာ ပလပ်စတစ်ကုလားထိုင် (ယိုးဒယား)ခေါင်းစဉ်နဲ့ တလုံးကို ကျပ် ၇ သောင်း စာရင်းပြထားတာ ဟာ များနေတယ်လို့ လွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ဝေဖန်ပြောလိုက်တာ ဖြစ်ပါတယ်။
DVB
0 comments:
Post a Comment