Thursday, September 27, 2018

မြန်မာ့ဒီမိုကရေစီဖြစ်စဉ် အချိန်တိုအတွင်း လမ်းကြောင်းလွဲအောင် မလုပ်ဆောင်သင့်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွင် အချိန်တိုအတွင်း လမ်းကြောင်းလွဲစေရန် မလုပ်ဆောင်သင့် ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာတာရိုကိုနိုက တိုက်တွန်းသည်။ 
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးသည် ၀ါရှင်တန်ပို့စ် သတင်းဌာနတွင် နိုင်ငံတကာ အမြင်သုံးသပ် ချက် ဆောင်းပါးတစ်ပုဒ်ကို စက်တင်ဘာ ၂၅ ရက်တွင် ရေးသားခဲ့ရာ ယင်းဆောင်းပါး၌ အထက်ပါအတိုင်း တိုက်တွန်းခြင်း ဖြစ်သည်။

‘‘အမှန်တကယ် လိုအပ်တဲ့ ခြေလှမ်းတွေ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ဖို့ ဆောင်ရွက်မယ့်အစား အများစုက မြန်မာအစိုးရကို ဝေဖန်မှုတွေပြုလုပ်ရင်း အလုပ်ရှုပ်နေကြပါ တယ်’’ ဟု မစ္စတာတာရိုကိုနိုက၎င်း၏ဆောင်းပါးတွင် ရေးသား သည်။

လက်ရှိတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် မြန်မာအစိုးရကို ဝေဖန်ရမည့်အချိန် မဟုတ်ဘဲဒုက္ခသည်များ ဆန္ဒအလျောက်၊လုံခြုံစွာ ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်လာနိုင်ရန် အစောပိုင်းကတည်း က ကြိုးပမ်းခဲ့သည့် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်ကို စိတ်ရှည်လက်ရှည် ကူညီထောက်ပံ့သင့် ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ဆက်လက် တိုက်တွန်း သည်။

‘‘မြန်မာနိုင်ငံမှာ လူ့အခွင့်အ ရေးနဲ့ ဒီမိုကရေစီ မခိုင်မာဘဲနဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုက ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး’’ဟု ၎င်းကဆိုသည်။

‘ကမ္ဘာကြီးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီရမည်’ ဟုခေါင်းစဉ်ပေးထားသော ယင်းဆောင်းပါးတွင် ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရမည့် လိုအပ်ချက်များရှိနေသော်လည်း မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး က သုံးသပ်သည်။ 

မြန်မာအစိုးရက ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်မှုများကို ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းနှင့် ယင်းကော်မရှင်ကို မြန်မာတပ်မတော် က အ ပြည့်အ၀ ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်း ၎င်းက ရေးသားသည်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးသည် ၂၀၁၇ နိုဝင်ဘာတွင် ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇန်န၀ါရီနှင့်သြဂုတ်၌ လာရောက်ခဲ့သည်။

7Day

0 comments:

Post a Comment