Thursday, September 27, 2018

ရွှေတိဂုံစေတီရွှေပြားအချို့ အရောင်မှိန်လာမှု နိုင်ငံအကြီးအကဲနှင့် ပြည်တွင်း ပြည်ပဧည့်သည်များ၏ ထောက်ပြမှုကြောင့် စစ်ဆေးခဲ့ဟုဆို


ရွှေတိဂုံစေတီရှိ ရွှေပြားအချို့ သတ်မှတ်ကာလ မတိုင်မီ အရောင်မှေးမှိန်လာ သည်ကို နိုင်ငံတော်အကြီးအကဲ နှင့် ပြည်တွင်း၊ ပြည်ပဧည့်သည် များက ထောက်ပြမှုများရှိလာ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာ လိုသည့်သဘော မပါကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ 
ရွှေတိဂုံစေတီတော်ကြီး၏ ကြာမှောက်၊ ကြာလန်ဧရိယာအ တွင်းရှိ ရွှေပြားများ သတ်မှတ် ကာလမတိုင်မီ အရောင်မှိန်လာ သဖြင့် ပြန်လည်စစ်ဆေးရန် သာ သနာရေးဝန်ကြီးဌာနက ပြီးခဲ့ သည့်ရက်ပိုင်းတွင် ထုတ်ပြန်ကြေ ညာသည်။ 

‘‘ရွှေတိဂုံစေတီတော်မြတ် ကြီးမှာ ရွှေမည်းတဲ့ကိစ္စပေါ့လေ။ အဲဒီကိစ္စကလည်း နိုင်ငံတကာ ဧည့်သည်တွေကလည်း ထောက် ပြတယ်။ အကြီးအကဲကလည်း ထောက်ပြတယ်။ ပြည်တွင်း ဘုရားဖူးတွေကလည်း ထောက်ပြ တယ်။ ထောက်ပြတဲ့အတွက် ရွှေ မိုက်ပြန်ထုတ်ပြီးတော့မှ ရွှေပါဝင်မှုနှုန်းကို စစ်ရမှာဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်။ ဘယ် ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်နစ်နာစေချင်တဲ့သဘော မရှိပါဘူး။ နောက်နိုင်ငံရေးအ မြတ်ထုတ်ဖို့လည်း မရှိပါဘူး။ နိုင်ငံရေးက အမြတ်ထုတ်ဖို့လည်း မလိုပါဘူး’’ ဟု ပြည်ထောင်စုဝန် ကြီးက နေပြည်တော်သင်္ဂဟဟို တယ်၌ စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော ၂၀၁၈ ကမ္ဘာ့ခရီး သွားလုပ်ငန်းနေ့အခမ်းအနားအ ပြီးတွင် မီဒီယာများ၏မေးမြန်းမှု အား ဖြေကြားသည်။ 

ရွှေတိဂုံစေတီတော်ကြီး အ လှူငွေရရှိရေးလိုအပ်သော်လည်း အဓိကမဟုတ်ကြောင်းနှင့် လာရောက်ဖူးမြော်မည့် ပြည်တွင်း၊ ပြည်ပဘုရားဖူးများ၏ စိတ်ချမ်းသာရေးသာ အဓိကဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

‘‘ပြန်ပြောရရင် ရည်မှန်း ချက်သုံးခုမှာ ဘုရားကြီးထာဝရ တည်တံ့ခိုင်မြဲနေဖို့က (၁)ဖြစ်ပါ တယ်။ စေတီတော်မြတ်ကြီး လုံ ခြုံမှုအပြည့်အ၀ရရှိဖို့ကို Lighting အပါအ၀င်လိုအပ်ချက်တွေဖြည့် ဆည်းဖို့က ဒုတိယအချက်ဖြစ်ပါ တယ်။ တတိယက ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်တွေ ဘုရား ရောက်လာတဲ့အခါမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ၊အေး ချမ်းစွာနဲ့ ဘုရားကိုဖူးမြော်နိုင်ဖို့၊ ကြည်ညိုနိုင်ဖို့၊ လေ့လာနိုင်ဖို့၊ ၀န် ဆောင်မှုကောင်းဖို့က သုံးအချက် ဖြစ်ပါတယ်’’ ဟု သူရဦးအောင်ကို က ပြောသည်။ 

ရွှေတိဂုံစေတီတော်ကြီး ကြံ့ ခိုင်မှုအတွက် လိုအပ်ချက်များနှင့် ကုန်သင့်ကုန်ထိုက်သည်များကို အသုံးပြုရန် မူဝါဒချမှတ်ပေး ထားသည်ဟု ၎င်းက ပြောသည်။

7Day

0 comments:

Post a Comment