Monday, September 3, 2018

ရိုက်တာသတင်းထောက်များကိုလွှတ်ပေးရန် မြေလတ်တွင် ဆန္ဒထုတ်ဖော်


ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက် ချက် အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခြင်းကို အမြန်ဆုံးပြန်လွတ်ပေးရန် မြေလတ်ဒေသ သတင်းထောက်များက စက်တင်ဘာ ၄ရက်(ယနေ့)နံနက်ပိုင်းက တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့သည်။ 
ဆန္ဒဖော်ထုတ်ခြင်းကို ပြည်မြို့၊ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ် အ၀ိုင်းပတ်နေရာတွင်ပြုလုပ်ခဲ့သည်၊ သတင်းထောက်များကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ပြင်းထန်စွာ ရှုံ့ချပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် နိုင်ငံတော်သမ္မတထံ တောင်းဆိုမည့် စုပေါင်းလက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုတစ်ခုကိုပါ ပြုလုပ်ခဲ့သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံး လွှတ်ပေးရန် ဆန္ဒဖော်ထုတ်ခြင်း၊လတ်မှတ်ရေးထိုး တောင်းဆိုခြင်းများကို မြေလတ်ဒေသ သတင်းထောက်များနှင့်အတူ ဒေသခံနိုင်ငံရေးအင်အားစုများ၊တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် ပြည်သူအချို့က ပူးပေါင်းပါဝင်ခဲ့သည်။








သတင်း၊ဓာတ်ပုံ-ဇော်မင်းထိုက်
7Day News Journal 

0 comments:

Post a Comment