Monday, September 3, 2018

ဆည်မြောင်းတာတမံများလုံခြုံရေး လွန်စွာစိုးရိမ်စရာဖြစ်ကြောင်း ဆွာတမံကျိုးပေါက်ခြင်းက မီးမောင်းထိုးပြ နှစ်စဉ်ပြုပြင်ထိန်းသိမ်းစရိတ် ကျပ်ဘီလီယံနှင့်ချီသုံးစွဲမှုသည် မှန်ကန်မှုရှိ၊မရှိ လွှတ်တော်အမတ်မေးခွန်းထုတ်



ဆည်မြောင်းတာ တမံပြုပြင်ထိန်းသိမ်းစရိတ်ခေါင်း စဉ်ဖြင့် နှစ်စဉ်ပြည်သူ့ဘဏ္ဍာငွေ ကျပ်ဘီလီယံပေါင်းများစွာသုံးစွဲ နေသော်လည်း လုံခြုံစိတ်ချရမှုအ ခြေအနေသည် လွန်စွာစိုးရိမ်စရာ ဖြစ်ကြောင်းကို ဆွာတမံရေပိုလွှဲ ကျိုးပေါက်ခြင်းက မီးမောင်းထိုး ပြသည့်ဖြစ်စဉ်ဟုဆိပ်ကြီးခနောင် တို လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က ယမန်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ပြောသည်။ 
ဆည်မြောင်းနှင့်ရေအသုံးချ မှုဦးစီးဌာနက နိုင်ငံတစ်ဝန်းရှိ ဆည်မြောင်းတာတမံ ၃၀၀ ခန့် အတွက် နှစ်စဉ်အနည်းဆုံးကျပ် ဘီလီယံ ၇၀ ကိုတောင်းခံအသုံးပြု နေသော်လည်း သုံးစွဲသင့်သည့် နေရာများတွင် မှန်ကန်စွာသုံးစွဲ နေသလား၊ လေလွင့်ဆုံးရှုံးမှု၊ အဟောသိကံဖြစ်မှုများ ရှိနေသ လား၊ သုံးစွဲမှုများက ထိရောက် အကျိုးရှိရဲ့လားဟု ဦးတင်ထွန်း နိုင်က မေးခွန်းထုတ်သည်။

‘‘ပြည်သူ့ဘဏ္ဍာငွေအသုံး စရိတ်တစ်ရပ်၊ အထူးသဖြင့် ပြည် သူလူထုရဲ့အသက်အိုးအိမ်၊ စည်း စိမ်များကို ကြီးကြီးမားထိခိုက် ပျက်စီးစေနိုင်တဲ့ ဆည်မြောင်း တာတမံများဘေးကင်းလုံခြုံရေး ဆိုင်ရာအသုံးစရိတ်တစ်ရပ်ဟာ တစ်နေ့က ဒုဝန်ကြီးဖြေကြားသွား သလို ဌာနတွင်းစာရင်းစစ်အဆင့် ဆင့်က စစ်ဆေးအတည်ပြုပြီး သားဆိုတာနဲ့ မလုံလောက်ပါဘူး’’ ဟု ၎င်းကပြည်ထောင်စုလွှတ် တော်၌ ပြောသည်။ 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုဦး စီးဌာန၏ ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းများအတွက် ငွေလုံးငွေ ရင်းတင်ပြတောင်းခံမှုသည် ကျပ် ၁၁၂ ဘီလီယံခန့်ရှိကြောင်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ် ၃၇ ဘီလီယံကျခံသုံးစွဲမည့် လုပ်ငန်းစီမံကိန်း ၁၆ ခုပါရှိပြီး လျာထား ရန်ပုံငွေအများစုကို တည်ဆောက်ဆဲ ဖြူးချောင်း၊ မဒန်း၊ကျိုင်းခမ်း၊ မြစ်သာရေ လှောင်တမံစီမံကိန်းများအတွက် ကျပ် ၂၈ ဘီလီယံတောင်းခံထားကြောင်း ဦးတင်ထွန်းနိုင်က ရှင်းပြသည်။ 

ထို့အပြင် မြစ်သာရေလှောင် တမံတည်ဆောက်ရေးစီမံကိန်းအ တွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် နောက်ကြောင်းပြန်တောင်းခံလာ သည့် ကျပ် ၁၄ ဘီလီယံကျော်ကို ပြည်ထောင်စုလွှတ်တော်က ခွင့် မပြုသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ဆွေးနွေး သည်။ 

‘‘အခု ကျွန်မတင်ပြဆွေးနွေး နေတဲ့ မြစ်သာရေလှောင်တမံစီမံ ကိန်းဆိုင်ရာအချက်အလက်တွေ ဟာ ပွင့်လင်းမြင်သာမှုအားနည်း တယ်ဆိုတာကို အလွန်ထင်ရှား တွေ့ရပါတယ်။ ဒီတောင်းခံလာ မှုကို ခွင့်ပြုခဲ့မယ်ဆိုရင်တောင့် တင်းတဲ့ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု စနစ်ကိုလည်း တည်ဆောက်နိုင် မယ်လို့ မယုံကြည်ပါဘူး။ 

ဒီဘတ်ဂျက်ကို မချပေးခင် နောက်ထပ်လုပ်ငန်းတွေ မလုပ် ဆောင်ခင်မှာ စုံစမ်းရေးကော်မ တီအနေနဲ့ အရင်ဆုံးအလုပ်လုပ် သင့်တယ်ဆိုတာ ထင်ရှားနေပါ တယ်။ စနစ်တကျစစ်ဆေးပြီး ဥပဒေကိုမလိုက်နာတဲ့သူတွေကို အရေးယူပြီးမှသာ ဘတ်ဂျက်ပေး သင့်၊ မပေးသင့်ပြည်ထောင်စု လွှတ်တော်က ပြန်လည်စဉ်းစားရ မှာဖြစ်ပါတယ်’’ ဟု ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင် စန်းလှိုင်က လွှတ်တော်၌ပြော သည်။ 

အဆိုပါမြစ်သာရေလှောင် တမံစီမံကိန်းကို စတင်ဆောက် လုပ်သည့် ၂၀၀၂-၀၃ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်းခြေကျပ် ၅၅ဘီလီယံကျော် ဖြစ်သော်လည်း ၂၀၁၇ အထိ စီမံကိန်းတိုးမြှင့် သတ်မှတ်ခြင်း၊ ပြန်လည်ပြုပြင် ခြင်းတို့ဆောင်ရွက်ခဲ့ရာ လက်ရှိ ၌ စီမံကိန်း၏ခန့်မှန်းခြေတန်ဖိုး ကို ကျပ် ၃၀၅ ဘီလီယံခန့်တိုးမြှင့် လျာထားခဲ့သည်။ 

ယင်းကဲ့သို့ ကြီးမားသည့်စီမံ ကိန်းကို မှန်ကန်စွာခန့်မှန်းတွက် ချက်နိုင်စွမ်းမရှိခြင်းက မေးခွန်း ထုတ်စရာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျပ် ၁၄ ဘီ လီယံ စိုက်ထုတ်ထားသည့် ကုမ္ပဏီများ၏ဆက်နွှယ်မှု၊ ပိုင် ဆိုင်မှုများကို စနစ်တကျစစ်ဆေး မှသာ ခိုင်လုံသည့်စစ်ဆေးချက်ရ မည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ် ယဉ်မင်းလှိုင်က ပြောသည်။ 

‘‘အခုလိုခန့်မှန်းကုန်ကျ စရိတ်ကို အကြိမ်ကြိမ်တိုးမြှင့်ပြင် ဆင်ခဲ့တဲ့ ဆည်မြောင်းတာတမံ တည်ဆောက်တဲ့လုပ်ငန်းတွေဆို တာ ဌာနရဲ့အင်ဂျင်နီယာများက ကိုယ်ပိုင်တွက်ချက်ပုံစံထုတ်ပြီး ကိုယ်တိုင်ပစ္စည်းဝယ်ယူ၊ ကိုယ် တိုင်လုပ်ငန်းဆောင်ရွက်ကြတာ ဖြစ်လို့ အနီးစပ်ဆုံးကုန်ကျစရိတ် ကို ခန့်မှန်းတွက်ချက်နိုင်ရမှာ ဖြစ် ပါတယ်။ ဒီလိုမကြာခဏ ဘုရား ပွဲအပြီးမှာ ဘုရားကြီးထံမှ ကြွေးရ ရန်ရှိဆိုတဲ့ ဂေါပကအဖွဲ့လို စာ ရင်းတိုးမြှင့် တောင်းခံခြင်းဟာ သင့်လျော်မှုရှိ၊ မရှိ ဝေဖန်ဆန်း စစ်ကြစေလိုပါတယ်’’ ဟု ၎င်းက ဆိုသည်။ 

နိုင်ငံတစ်ဝန်းတွင် ဆည်ရေ သောက်စနစ်အတွက် လယ်တစ် ဧကလျှင် ကျပ်ငါးသိန်းခန့်သာ ပျမ်းမျှကုန်ကျသော်လည်း မြစ် သာရေလှောင်တမံ စီမံကိန်းအ တွက် တစ်ဧကလျှင်ကျပ်သိန်း ၅၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း နှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တောင်းခံငွေကျပ် ၁၄ ဘီလီယံ ကျော်ကို ပယ်ဖျက်သင့်ပြီး မသမာမှုများကို စစ်ဆေးကာ ထိရောက်စွာအရေးယူသင့်ကြောင်း ဒေါ်ယဉ်မင်းလှိုင်က အကြံပြုသည်။ 

ဆွာချောင်းရေလှောင်တမံ ၏ မြေသားတမံပြိုကျမှုကြောင့် လူလေးဦးသေဆုံးပြီး ဆွာနှင့်ရေ တာရှည်မြို့နယ်ရှိ ကျေးရွာ ၈၅ ရွာရေနစ်မြုပ်ကာ လယ်ယာမြေ များပျက်စီးသည့်အပြင် လူ ခြောက်သောင်းကျော်လည်း ရွှေ့ ပြောင်းခဲ့ရသည်။ လက်ရှိတွင် ရေ ဘေးသင့်ပြည်သူများသည် စား နပ်ရိက္ခာနှင့်ပြန်လည်ထူထောင် ရေးအရေးပေါ်လိုအပ်နေသည်။


7Day

0 comments:

Post a Comment