Monday, September 3, 2018

ပိုင်ရှင်မဲ့သင်္ဘောအတွက် ကုမ္ပဏီတောင်းပန်၊ လျော်ကြေးပေးမည်ဟုဆို



မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိလာသည့် ပိုင်ရှင်မဲ့ သင်္ဘောကိစ္စအများပြည်သူ အ ထိတ်တလန့်ဖြစ်စေသဖြင့် သက် ဆိုင်ရာကုမ္ပဏီက စက်တင်ဘာ ၃ ရက်ညနေ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းပန်ခဲ့သည်။ အစိုးရကိုထိုက်သင့်သည့် လျော်ကြေးပေးအပ်မည်ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။ 
သြဂုတ် ၂၈ ရက်တွင်သုံးခွ မြို့ သမစိတ္တကျေးရွာအနီး SAM RATULANGI PD အမည် ရှိပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောကို ဒေသခံများကတွေ့ရှိပြီး သြဂုတ် ၃၁ ရက်တွင် တပ်မတော်က သွား ရောက်စစ်ဆေးခဲ့သည်။ 

အဆိုပါသင်္ဘောကို အင်ဒို နီးရှားနိုင်ငံမှ ဘင်္ဂလားဒေရှ့်သို့ ပို့ဆောင်ပြီး ဖျက်ဆီးရန်ဆွဲ သင်္ဘော Independence ဖြင့် သယ်ဆောင်လာစဉ်သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တွင် မြန်မာ့ ရေပိုင်နက်အနီး မုန်တိုင်းကျ ရောက်သောကြောင့် ဆိုင်းကြိုး ပြတ်ကာ ကျန်ခဲ့ခြင်းဖြစ်ကြောင်း ဆွဲသင်္ဘော Independence ၏ ပိုင်ရှင်ကုမ္ပဏီက သတင်းစာရှင်း လင်း ပြောကြားခဲ့သည်။ 

ဆွဲသင်္ဘော Independence ၏ ပိုင်ရှင်ကုမ္ပဏီ Ocean Solu-tion Maritime Management Sdn Bhd မှ မြန်မာပြည်တာဝန်ခံ ဒေါ်မေသန့်ဇင်က ထိုသို့ဖြစ်ရခြင်းသည် ဆွဲသင်္ဘောတွင်တာဝန်အပြည့်အ၀ရှိပြီး အများပြည်သူကြားတွင် ကောလာဟလများကြောင့် အထိတ်တလန့်ဖြစ်ရသဖြင့် တောင်းပန်ကြောင်းပြောခဲ့သည်။ 

‘‘ပြည်သူတွေ ကြားထဲမှာ ပြန့်နေသလို မူးယစ်ဆေးဝါးတွေ သယ်လာတာ၊ လူကုန်ကူးတာမ ဟုတ်ပါဘူး။ ရာသီဥတုမကောင်း လို့အမျိုးမျိုးကြိုးစားပြီးနောက်ဆုံး မရတော့လို့ ထားခဲ့ရတာမျိုးပါ။ ဒီလိုဖြစ်စဉ်တွေက ခဏခဏဖြစ် တတ်တဲ့ဥပမာရှိပါတယ်’’ ဟု ၎င်း ကပြောသည်။ 

သင်္ဘောသည် သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တွင်မြန်မာ့ ရေပိုင်နက်အနီး ရာသီဥတုဆိုး ရွားမှုကြုံခဲ့ရသော်လည်း သက် ဆိုင်ရာနိုင်ငံ အာဏာပိုင်များနှင့် ဌာနများသို့ အကူအညီတောင်း ခြင်း၊ အကြောင်းကြားခြင်းမရှိ သည်မှာ ဆွဲသင်္ဘောကို မောင်း နှင်လာသည့် ကပ္ပတိန်၏ အား နည်းချက်ဖြစ်ကြောင်း ဒေါ်မေသန့်ဇင်ကဆိုသည်။ 

‘‘မုန်တိုင်းကြုံနေတော့အ ကြောင်းကြားဖို့၊ ဆက်သွယ်ဖို့အ ချိန်မရတာလည်း ဖြစ်နိုင်သလို ဆွဲလာတဲ့ သင်္ဘောကြီးက မြန်မာ ရေပိုင်နက်ထဲမ၀င်သွားလောက် ဘူးထင်လို့အကြောင်းမကြားတာ လည်းဖြစ်နိုင်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် ကပ္ပတိန်ကိုတော့ ကုမ္ပဏီဘက်ကရေးယူသွားမှာ ပါ။ အလုပ်ထုတ်ဖို့အထိဖြစ်နိုင်ပါ တယ်’’ ဟု ၎င်းကပြောသည်။ 

အဆိုပါသင်္ဘောကို အစိုးရ ကခွင့်ပြုသည်နှင့် ပြန်လည်ဆွဲယူ မည်ဖြစ်ပြီး သင်္ဘောမျောပါမှုကြောင့် သောင်ပြင်ပျက်စီးမှုများ၊ ပင်လယ်ဝန်းကျင်ရေသဘာဝပျက်စီးမှုများအတွက် မြန်မာနိုင်ငံအစိုးရအား လျော်ကြေးပေးအပ်မည်ဖြစ်ကာ Blacklist သွင်းပါကလည်းခံရမည်ဖြစ်ကြောင်း ဒေါ်မေသန့်ဇင်က ပြောသည်။ 

လက်ရှိတွင် ဆွဲသင်္ဘော Independence ကိုမောင်းနှင်လာ သော အင်ဒိုနီးရှားနိုင်ငံသား ကပ္ပတိန်နှင့် အလုပ်သမား ၁၃ ဦးကို တပ်မတော် (ရေ) က ဖမ်းဆီးပြီးစစ်ဆေးနေသည်။ 


7Day

0 comments:

Post a Comment