သမ၀ါယမအသင်း၏ အသင်းစုပိုင်မြေနှင့် အဆောက်အဦးများ ဌားရမ်းမှုမှာ သမ၀ါယမအသင်းဥပဒေ၊နည်းဥပဒေ ၊ ညွှန်ကြားချက် များနှင့်မညီဘဲ ဆောက်ရွက်လုပ်ကိုင်နေကြောင်း ပေါ်ပေါက်တွေ့ရှိ မည်ဆိုပါက တည်ဆဲသမဝါယမ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော် က စက်တင်ဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကံမ မဲဆန္ဒနယ်မှ ဦးစိန်ဟန်က မြို့နယ်သမဝါယမအသင်းလီမိတက်သည် နိုင်ငံတော်မှချေးပေးသော သမဝါယ မအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့် မညီသောဆိုင်ခန်း၊ အိမ်ခန်းငှား စားနေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုအားဖြေကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အသင်းစု ပိုင်မြေနေရာတွင် ဆိုင်ခန်းတစ်ခန်းသည် အသင်းစုက လယ်ယာသုံးစက်ကိရိယာပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထား၍ ကျန်အသင်းပိုင်အခန်း ၅ ခန်းတွင် လူပုဂ္ဂိုလ် ငါးဦးအားလည်းကောင်း၊ မြေနေရာအလွတ် ငါးနေရာတွင် ငှားရမ်းသူအစီအစဉ်ဖြင့် အဆောက်အဦ aဆာက်လုပ်စေပြီး လူပုဂ္ဂိုလ် ငါးဦးအားလည်းကောင်း၊ ၁-၄-၂၀၁၈ ရက်နေ့ ကစပြီး ၃၁-၃-၂၀၁၉ ရက်ထိ စာချုပ်ချုပ်ဆို ငှားရမ်းထား ပါကြောင်း။ သမဝါယမအသင်းနည်းဥပဒေအပိုဒ် ၇၀ (က)တွင် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသည် သမဝါယမအသင်း၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမ အသင်း၏ ကိစ္စအဝဝကို အပြီးသတ်ဆုံးဖြတ်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
မြို့နယ်အသင်းစုမှပိုင်ဆိုင်သည့် မြေနှင့် အဆောက်အဦများပေါ်တွင် အသင်းကအသုံးပြုခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသင်း ဥပဒေနှင့်အညီ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တက်ရောက်သည့် အမှုဆောင်၊ အသင်းသား၊ အသင်း ဝင်များ၏ သဘောတူဆုံးဖြတ် အတည်ပြုချက်များဖြင့်သာ ဆောင်ရွက်လျက် ရှိသည်။
ငှားရမ်းခရငွေများကို မြို့နယ်အသင်းစု၏ ပင်မ (အသင်းရုံး) လုပ်ငန်း ငွေစာရင်းတွင် ဝင်ငွေအဖြစ် လစဉ်စာရင်းသွင်းပြီး မြို့နယ်အသင်းစု၏ လုပ်ငန်းများတွင် ရင်းနှီးငွေအဖြစ် လုပ်ကိုင် ဆောင်ရွက် လျက်ရှိကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း သမဝါယမအသင်းပိုင်မြေ၊ အဆောက်အဦများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ငှားရမ်းခြင်း၊ လူနေထိုင်ရန်အခန်းများ ငှားရမ်းခြင်းတို့ကို ဆောင်ရွက် ရာတွင် သမဝါယမ၏ပုံရိပ် ကျဆင်းစေခြင်းမျိုး ရှောင်ကျဉ်နိုင်စေရန် သမဝါယမ ဥပဓိရုပ် ကောင်းမွန်စေရန် ငှားရမ်သည့်အခန်းများတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ကုန်ပစ္စည်း များရောင်းချ ခြင်းမပြုရန် အရက်သေစာရောင်းချသည့်လုပ်ငန်းရှင်များကို လုံးဝငှားရမ်းခြင်းမပြုရန် ရောင်းချမှုမရှိစေရေး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။ သမဝါယမ အသင်းစု လီမိတက်အနေဖြင့် China Exim Bank ချေးငွေကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ ခြောက်လ တစ်ကြိမ် ထုတ်ချေးဆောင်ရွက်ပေး လျက်ရှိသည်။
အသင်းစုပိုင်မြေနှင့် အဆောက်အဦ များငှားရမ်းမှုမှာ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် လုပ်ဆောင်မှုများမတွေ့ရှိရကြောင်း ၊ ၄င်းမြေနေရာနှင့်ပတ်သက်ပြီး ပိုင်ဆိုင်မှုသည်လည်း မိမိတို့လေ့လာတွေ့ရှိချက်အရ ပညာရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်များ၊ သမဝါယမဝန်ကြီးဌာနမှ ကိုယ်စားလှယ် များပါဝင်သည့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်အရ ပြီးခဲ့သည့်အစိုးရကာလအတွင်း တရားဥပဒေနှင့်အညီ နှစ်ဘက် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးလှကျော်က ဆက်လက်ပြောကြားခဲ့သည်။
The Ladies News
0 comments:
Post a Comment