Wednesday, September 5, 2018

မော်တော်ယာဉ်မီးလောင်မှုဖြစ်ပွားခဲ့သည့် တံတားအား Rebound Test ပြုလုပ်ချက်အရသတ်မှတ်အရည်အသွေးပြည့်မီပြီးထိခိုက်ပျက်စီးမှုမရှိ



ရန်ကုန်-သန်လျင်တံတားအမှတ်(၁)ပေါ်တွင် မော်တော်ယာဉ် မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် Rebound Test ပြုလုပ်ချက်အရ သတ်မှတ်အရည်အသွေးပြည့်မီပြီးထိခိုက်ပျက်စီးမှုမရှိကြောင်း ပြည်သူများ စိတ်ချလက်ချသွားလာနိုင်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 
အခင်းဖြစ်ပွားရာနေရာသို့ လမ်းဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင် ၊တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၁) နှင့်အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲတို့မှ တာဝန်ရှိသူများမှ ချက်ချင်းလာရောက်ကာ ပြည်သူများ စိတ်ချလက်ချ အသုံးပြုသွားလာနိုင်ရေးအတွက် တံတားအားမျက်မြင်စစ်ဆေးမှုများကို ည (၈:၃၀) ခန့်တွင် စတင်ပြုလုပ်ခဲ့သည်။ ထိုနောက် ယာဉ်သွားလာမှုနည်းပါးသည့် ည (၁၀:၃၀) ခန့်တွင် အသေးစိတ်တိုင်းတာမှုများပြုလုပ်ခြင်းနှင့် အခင်းဖြစ်ပွားသည့်နေရာတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ Rebound hammer test များ ဆက်လက်လုပ်ဆောင်ခဲ့သည်။ 

စစ်ဆေးတိုင်းတာချက်များအရ တံတား၏ ယာဉ်သွားလမ်းပေါ်တွင် မီးအပူရှိန်ကြောင့် ယာဉ်အရည်ပျော်ကျမှုကြောင့်မျက်နှာပြင် အနည်းငယ်ပွန်းပဲ့၍ အပေါ်ယံလမ်းမျက်နှာပြင် အလျား၅ပေ အနံ ၄ပေ ခန့် ပွန်းသွားခဲ့ပါသည်။ဘေးသံပေါင်နှင့်ယာဉ်သွားလမ်းကြားတွင်Guard Railခံနေသည့်အတွက် သံပေါင်တစုံတရာ ထိခိုက်မှုမရှိပါ၊ ထို့ပြင် Road Curbနှင့်Guard Railအား Rebound Test ပြုလုပ်ချက်အရ သတ်မှတ် အရည်အသွေးပြည့်မီပြီးထိခိုက်ပျက်စီးမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ရန်ကုန်-သန်လျင်တံတားအမှတ်(၁)ပေါ်တွင် (၅-၉-၂၀၁၈) ညနေ ခန့်မှန်း(၆) နာရီခွဲခန့်တွင် Belta ခဲရောင် နံပါတ်အနက်YGN-3G/----သည် wire shock ဖြစ်ကာ တံတားတိုင်အမှတ် P-17နှင့် P-18 ကြားယာဉ်သွားလမ်းပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

The Ladies News



0 comments:

Post a Comment