Friday, September 28, 2018

အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုး ထပ်မြှင့်




အမေရိကန်ဟာ မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ နယ်စပ်ခြံစည်းရိုးတွေကို ထပ်မြှင့်နေပါတယ်။ ဒါဟာ နယ်စပ်စည်းရိုးမြှင့်ရုံသက်သက် မဟုတ်ဘဲ နယ်စပ်မှာနေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို ဟန့်တားမှုတရပ်အဖြစ် ရှုမြင်ခံထားရပါတယ်။ 
အမေရိကန်-မက္ကဆီကို နယ်စပ်က အယ်လ်ပါဆိုနဲ့ ဆူသက်ကွာရက်မြို့တွေမှာ ရှိရင်းစွဲ နယ်စည်းရိုးကို ဆောက်လုပ်ရေး လုပ်သားတွေက အဆင့်မြှင့်နေကြတာပါ။ 

အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အေဂျင်စီရဲ့ ပြောကြားချက်အရ ၄ မိုင်ရှည်တဲ့ စည်းရိုးနေရာမှာ ခန့်မှန်းတန်ဖိုး ဒေါ်လာ ၂၂ သန်းတန်မယ့် ၁၈ ပေမြင့်တဲ့ စတီးပြားတွေကို ၂၀၁၉ ဧပြီလမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ 

ဒီအတွက် အမေရိကန် အောက်လွှတ်တော်ဟာ နိုင်ငံ့အသုံးစရိတ် ဥပဒေမူကြမ်းကို စက်တင်ဘာ ၂၆ ရက်မှာ အတည်ပြုပေးခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးမယ်လို့ ယူဆရပါတယ်။ 

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ စည်းရိုးကာဖို့ လိုအပ်တဲ့ငွေကြေး မရဘူးဆိုရင် အစိုးရယန္တရားတခုလုံးကို အောက်တိုဘာ ၁ ရက်မှာ ရပ်ရလိမ့်မယ်လို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ထားတာပါ။ 

ထရမ့်ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက နယ်စပ်မှာ တံတိုင်းဆောက်မယ်၊ ကုန်ကျစရိတ်ကို မက္ကဆီကိုကို ကျခံခိုင်းမယ်ဆိုပြီး ပြောထားတာပါ။ 

ဒါပေမယ့် မက္ကဆီကိုဘက်က ဒါကို လက်မခံလို့ သမ္မတထရမ့်ဟာ စည်းရိုးဆောက်လုပ်မယ့် စရိတ်အတွက် ကွန်ဂရက်စ်လွှတ်တော်ကို တင်ပြခဲ့ရပါတယ်။ 

အမေရိကန် လွှတ်တော်အမတ်တွေဟာ နယ်စပ်မှာ စည်းရိုးလုပ်ဖို့နဲ့ ဆက်စပ်နဲ့ နည်းပညာတွေသုံးဖို့ ဒေါ်လာ ၁ ဒသမ ၅၇ ဘီလျံကို အတည်ပြုပေးထားပါတယ်။ 

အမေရိကန်၊ တက္ကဆက်ပြည်နယ်ထဲက အယ်လ်ပါဆိုမြို့မှာတော့ စက်တင်ဘာ ၂၂ ရက်တုန်းက ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ 

အဲဒီနေ့ဟာ နယ်စပ်စည်းရိုးမှာ ဆောက်လုပ်ရေးတွေ စတင်တဲ့အချိန်ဖြစ်ပြီး နယ်စပ်က နံရံဟာ နှစ်နိုင်ငံစလုံးမှာ နေထိုင်တဲ့သူတွေကို ပိုင်းခြားလိုက်တာလို့ ပြောကြပါတယ်။ 

“ဒီစည်းရိုးဟာ နှစ်နိုင်ငံစလုံးမှာ နေထိုင်တဲ့ ဒီက အသိုက်အဝန်းကို ပျက်စီးမှုဖြစ်စေမှာ။ အဲဒီဘက်ခြမ်းမှာနေပြီး အလုပ်လုပ်နေတဲ့ ကျနော်ရဲ့မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်တွေ ရှိတယ်။ ဒီဘက်မှာလည်း အဲဒီလိုပဲ။ နယ်စပ်က ဒီလို လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေး မှီခိုနေရတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်လည်း ပါနေတာတောင် ဒီလိုလုပ်တာ မက္ကဆီကိုက ညီနောင်တွေကို သိပ်ရိုင်းတဲ့ သတင်းစကား ပါးလိုက်သလိုပဲ” လို့ အယ်လ်ပါဆိုကောင်တီ မဟာမင်းကြီး ဒေးဗစ်စတောက်က ပြောပါတယ်။ 

“သမ္မတထရမ့်ရော သူ့လူတွေရော သူ့ရဲ့ လူမျိုးရေးခွဲခြားသူတွေရောက ရွှေ့ပြောင်းတွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်၊ ရာဇဝတ်သားတွေလို့ ပုံဖော်နေလို့ ဒါဟာ ကလေးတွေ၊ မိခင်၊ ဖခင်တွေနဲ့ ရွှေ့ပြောင်းတွေကို မကြုံစဘူး ထိုးနှက်မှုဖြစ်နေတယ်” လို့ နယ်စပ်ကွန်ရက်လ လူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ချုပ် ဖာနန်ဒိုဂါစီယာက ပြောပါတယ်။

DVB 

0 comments:

Post a Comment