Monday, September 3, 2018

၂၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သည့် တိုင်ဖွန်း မုန်တိုင်း ဂျပန်တွင် ၀င်ရောက်နေ


၂၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သည့် တိုင်ဖွန်း မုန်တိုင်းသည် ဂျပန်နိုင်ငံ ကုန်းတွင်းသို့ ယနေ့စတင်ဝင်ရောက်တိုက်ခတ်နေပြီဖြစ်သည်။ 
အဆိုပါ တိုင်ဖွန်းမုန်တိုင်းကို ဂျက်ဘီ ဟု အမည်ပေးထားပြီး လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၂၁ ကီလိုမီတာ(၁၃၄ မိုင်ခန့်)ဖြင့် ဂျပန်နိုင်ငံ ကုန်းတွင်းဒေသများသို့ ၀င်ရောက်တိုက်ခတ်နေခြင်းဖြစ်သည်။ 
ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးကလည်း "ဘေးကင်းရာသို့ ဆောလျင်စွာ အကာအကွယ်ယူပြောင်းရွှေ့"ကြရန် တိုက်တွန်းထားပြီး၊ သူ၏ အစိုးရအဖွဲ့အားလည်း ပြည်သူများအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သည်။ 
ဂျပန်နိုင်ငံ မိုးလေ၀သဌာနကလည်း ဖြစ်နိုင်ခြေရှိသော ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ ဒီရေလှိုင်းများနှင့် အခြားသော ကိစ္စရပ်များကို သတိပေးထားသည်။ 
"ဒီမုန်တိုင်းဟာ ၁၉၉၃ ခုနှစ်ကနေ ဒီနှစ်အထိ ကာလအတွင်းမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်"ဟု မိုးလေ၀သဌာနမှဆိုသည်။

ref: Typhoon Jebi hits Japan, strongest in 25 years: Weather agency 
(Photo: AFP)
Popular News Journal 

0 comments:

Post a Comment