Monday, September 3, 2018

ရှမ်း(တောင်) ကျိုင်းတောင်းမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ရေခပ်နေစဉ် သေနတ်နဲ့ပစ်သတ်ခံရ


အုပ်ချုပ်ရေးမှူးတစ်ဦး မိမိရဲ့နေအိမ်အနီးနားကရေတွင်းမှာ ရေသွားခပ်နေစဉ် သေနတ်နဲ့ပစ်သတ်ခံရမှု ယမန်နေ့မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။ 
ကျိုင်းတောင်းမြို့ရဲ့ ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူး ဦးစိုင်းညွှန့်စိန် ဆိုသူဟာ စက်တင်ဘာ ၃ ရက်နေ့ မနက်အစောပိုင်း ၆ နာရီဝန်းကျင် အချိန်က နေအိမ်အနီးနားရှိ ရေတွင်းမှာရေသွားခပ်နေစဉ် ဆိုင်ကယ်စီးလူစိမ်း ၂ ဦးရောက်ရှိလာကာ သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောကြားပါတယ်။ 

လူစိမ်း ၂ ဦးစလုံး လူငယ်တွေဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဟာ ကျည်မှန်ဒဏ်ရာ ၅ ချက်နဲ့ အခင်းဖြစ်နေရာမှာပဲ လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

"မနက်ခင်းအချိန် ဦးစိုင်းညွှန့်စိန် ဟာ နေအိမ်အနီးနားက အိမ်နီးနားချင်းနေအိမ်ရဲ့ ရေတွင်းမှာရေသွားခပ်တုန်း သူ့ရဲ့ဇနီးဟာ သေနတ်သံ ၅ချက်ကြားလိုက်တာနဲ့ ပြတင်းပေါက်ကနေထွက်ကြည့်တော့ ဆိုင်ကယ်စီးလူငယ် ၂ ဦးဟာ ကျိုင်းတောင်း-ခိုလမ်းလမ်းအတိုင်း ထွက်ပြေးမောင်းနှင်သွားတယ်။ နေရာကိုသွားကြည့်တော့ အုပ်ချုပ်ရေးမှူးက သေဆုံးနေပြီ။ သေဆုံးသူရဲ့ဇနီးကပဲ တရားလိုလုပ်တိုင်တန်းလို့ နမစ မှာ အမှုဖွင့်ထားပါတယ်" လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။ 

သေနတ်နဲ့ပစ်ခတ်သွားတဲ့လူစိမ်း ၂ ဦးဟာ မည်သူမည်ဝါဖြစ်ြေဲကာင်းနဲ့ မည်သည့်အဖွဲ့အစည်းက ဖြစ်ကြောင်းကိုတော့ မသိရှိရသေးပါဘူး။ 

အပစ်ခံရသူ အုပ်ချုပ်ရေးမှူးဟာ ရင်ဘတ်အလယ်၊ ၀ဲယာချိုင်းအောက်၊ ညာဘက်ခါးအောက်၊ ၀ဲလက်မောင်း တို့မှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိပြီးလဲကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးဟာ ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သလို မြို့နယ်အတွင်းမှာလဲ လူချစ်လူခင်ပေါများသူဖြစ်တယ်လို့တော့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။ 

ဒါနဲ့ပတ်သက်ပြီးကျိုင်းတောင်းနယ်မြေရဲစခန်းမှာ ပ ၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့် ထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။

Popular News Journal 

0 comments:

Post a Comment