စားနပ်ရိက္ခာဘေးကင်း လုံခြုံရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာကို စက်တင်ဘာ ၄ ရက်က လက် မှတ်ရေးထိုးသည်။
စားနပ်ရိက္ခာ ဘေးကင်းလုံ ခြုံရေးနှင့်ပတ်သက်သော သင် တန်းများ၊ ပညာပေးအစီအစဉ် များနှင့် လက်တွေ့သင်ကြားပြသ သည့် အပိုင်းတွင် IFC နှင့် ကုန် သည်စက်မှုအသင်းချုပ် ပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုး ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဦးရဲမင်းအောင်က ပြောကြားသည်။ လယ်ယာထွက်ကုန်များနှင့် သားငါး၊ ရေထွက်ကုန်များ ပြည်ပ သို့ တင်ပို့နေခြင်းကြောင့် စားနပ် ရိက္ခာနှင့်ပတ်သက်၍ ဘေးကင်း စိတ်ချရေးလုပ်ငန်းစဉ်များ ကျယ် ပြန့်စွာ အသုံးပြုရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
ပြည်ပ တင်ပို့သည့် ကုန် ပစ္စည်းများသည် အရည်အသွေး ကောင်းရုံသာမက ရေရှည်ဈေး ကွက်ဝင်အောင် ထိန်းသိမ်းထား နိုင်မည့် စားနပ်ရိက္ခာများ ဘေးကင်းစိတ်ချရေးကလည်း အရေးကြီးသည်ဟု ဦးရဲမင်းအောင်ကပြောသည်။
‘‘စားနပ်ရိက္ခာဘေးကင်း လုံ ခြုံရေးလုပ်ငန်းစဉ်တွေကို ကျယ် ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံတကာစံချိန် စံညွှန်းနဲ့အညီ ပူးပေါင်းဆောင် ရွက်သွားမှာပါ’’ဟု ၎င်းက ပြော သည်။ စားနပ်ရိက္ခာဘေးကင်း လုံ ခြုံရေး စီမံခန့်ခွဲမှုစနစ်တွင် ရင်းနှီးမြှုပ်နှံရခြင်းသည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်သည်ဟု IFC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စားနပ်ရိက္ခာဘေးကင်းလုံ ခြုံရေးနှင့် ပတ်သက်သော လုပ် ငန်းစဉ်များသည် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စား သုံးသူများ ဘေးကင်းရန် နိုင်ငံတကာ စံညွှန်းနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။
7Day
0 comments:
Post a Comment