ဆည်ရေလျှံခြင်းများ သတိပေးချက်ထုတ်ပြန်ရာတွင် ယခင်ကဲ့သို့ ဝန်ကြီးဌာန ခွင့်ပြုချက်တောင်းခံစရာမလိုတော့ဘဲ ဒေသခံ ပြည်သူထံ တိုက်ရိုက်အကြောင်းကြားနိုင်ရန် ဌာနမှ ဝန်ထမ်းနှစ်ဦးစီကို ဆည်များအားလုံး၌ တာဝန်ချထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
စက်တင်ဘာ ၅ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်ပြု လုပ်သော ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးအပြီး၌ နိုင်ငံအတွင်းရှိ ဆည်များ၏ လတ် တလောဆောင်ရွက်မှုကိုမေးမြန်းရာ ဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။‘‘ခုနောက်ပိုင်းဘာလုပ်မလဲ ဆိုတော့ ရေကျော်တဲ့ဒေသဝန်း ကျင်မှာ ဆည်တွေရေကျော်ပြီဆို တာနဲ့ ဆည်မြောင်းဦးစီးဌာနက နဂိုမူလရှိတဲ့ ဝန်ထမ်းတင်မကဘဲ နဲ့ ဦးစီးအရာရှိတစ်ယောက်ရယ်၊ နောက်တစ်ယောက်ရယ် နှစ် ယောက်တွဲပြီးတော့ ကျော်တဲ့ ဆည်တိုင်းမှာ ချထားပါတယ်။ ဒါ့အပြင် ကျော်တဲ့ဆည်တိုင်းမှာ ဆည်ရေဆင်းတဲ့ဟာကို ခုနောက် ပိုင်း ရေပိုလွှဲရေကျပြီဆိုတာနဲ့ အ ရင်ကလို ဗဟိုကို အမိန့်တောင်းခံ ရတာ မဟုတ်ဘဲနဲ့ တာဝန်ပေး ထားတဲ့ လူတွေကနေပြီးတော့ ရွာတွေကို တိုက်ရိုက်ဖုန်းဆက် ပေးမယ်’’ ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။
ရေပိုလွှဲမှ ကျော်ကျမည့်လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာအားလုံး၏ ဖုန်းနံပါတ်များ တောင်းယူကာ ဆည်အရေးပေါ် အခြေအနေကို တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးမည့် အစီအစဉ် ဖော်ဆောင်နေကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် ရေပိုလွှဲမှ ရေ ကျော်နေသည့် ဆည် ၅၇ ခုရှိနေ ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ထားသော ဆည် ၃၉ ခုအနက် ၂၀ သည် ရေပို လွှဲအထက်သို့ ရေကျော်ကျနေ ကြောင်း သတင်းထုတ်ပြန်ထား သည်။
ထို့အပြင် နေပြည်တော်ရှိ ပေါင်းလောင်းရေလှောင်တမံနှင့် ပတ်သက်၍ ရေလျှံနေသောဆည်များအနက် တစ်ခုသာဖြစ်ပြီး မစိုးရိမ်ရန် မှတ်ချက်ပြုသည်။
‘‘စိုးရိမ်စရာ မရှိဘူးဆိုတာ ထက် ဖြစ်ရင်မတော်တဆမမျှော် လင့်တဲ့ နေရာတွေကဖြစ်တတ်တဲ့ အတွက် သတိတော့ထားနေကြ ရမှာပေါ့’’ ဟု ဒေါက်တာအောင် သူက ပြောသည်။
သြဂုတ် ၂၉ ရက်က ရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေလမ်း ကြောင်း တစ်လျှောက်ရှိ ပျက်စီးခဲ့သော လယ်ယာမြေများအ တွက် သက်ဆိုင်ရာတောင်သူများ အား ကုမ္ပဏီများနှင့်ဆက်သွယ် ဆောင်ရွက်ပေးနေသည်ဟု ပြည် ထောင်စု ဝန်ကြီးက ပြောကြားသည်။
‘‘ဖြစ်သွားတာကို ချက်ချင်း ပြန်ပြီးတော့ လုပ်ပေးနေပြီ။ ကျွန် တော်ထင်တယ်။ လေး၊ ငါးရက် အတွင်းပြီးသွားလိမ့်မယ်’’ ဟုပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ကျိုးပေါက်ခဲ့သည့် ရေပိုလွှဲ ကို ပြန်လည်ပြင်ဆင်၍ ဒေသခံ တောင်သူများ နွေစပါးစိုက်ပျိုးနိုင် ရေး ဦးတည်ဆောင်ရွက်ပေးနေ ကြောင်း ဒေါက်တာအောင်သူက ဆိုသည်။
‘‘ဆိုလိုတာက ဆည်အမြင့် လောက် မဟုတ်ပေမယ့်လည်း ခုနစ်ပေ အမြင့်လောက်ကာဖို့။ တို့အတွက် ကျန်တဲ့အထဲက အ ကောင်းဆုံးဖြစ်အောင် ဒီဆည်ထဲ မှာရေလေးကို ဧကပေ ၆,၀၀၀၊ ၇,၀၀၀ ထိန်းနိုင်ရင် နွေစပါးအ တွက် လုပ်နိုင်ပြီ’’ ဟု ဒေါက်တာ အောင်သူက ဆိုသည်။
သို့သော် ကျိုးခဲ့သော ဆွာရေလှောင်တမံကို ပြုပြင်ရုံသာ ပြုပြင်ပါက မနေထိုင်ရဲကြောင်း ဒေသခံများက ပြောသည်။
ဆည်များအတွက် နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းစရိတ် ကျပ် ဘီလီယံ ၅၀ နှင့် အထက်သုံးစွဲနေ သည်ဟု ဒေါက်တာအောင်သူက ဆိုသည်။
သို့သော် ပြီးခဲ့သည့်အပတ် က ဆိပ်ကြီးခနောင်တိုလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဆည်မြောင်းနှင့်ရေအသုံးချမှုဦး စီးဌာနသည် နိုင်ငံတစ်ဝန်းရှိဆည် မြောင်းတာတမံ ၃၀၀ ခန့်အတွက် နှစ်စဉ်အနည်းဆုံးကျပ် ဘီလီယံ ၇၀ တောင်းခံအသုံးပြုနေကြောင်း နှင့် ယင်းသို့တောင်းခံသုံးစွဲနေမှု များသည် မှန်ကန်စွာသုံးစွဲမှု ရှိ၊ မရှိနှင့် ထိရောက်အကျိုးရှိမှုအ ပေါ် ပြည်ထောင်စုလွှတ်တော်၌ မေးမြန်းခဲ့သည်။
7Day
0 comments:
Post a Comment