Thursday, November 1, 2018

ပါတီသဘာပတိနေရာယူထား၍ အေးဆေး နေနေခြင်းဖြစ်ဟု ဦးဝင်းထိန်ပြော


နိုင်ငံရေးလောကမှ ပျောက်ကွယ်နေခြင်းမဟုတ်ဘဲ ပါတီ၏ သဘာပတိနေရာယူထား သောကြောင့် အေးဆေးနေနေ ခြင်းသာဖြစ်ကြောင်း ဒီချုပ်ပါတီ ခေါင်းဆောင် ဦးဝင်းထိန်ကပြော သည်။
အောက်တိုဘာ ၃၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေ အိမ်ကိုထိန်းသိမ်းစောင့်ရှောက် ပေးသည်ဟု နိုင်ငံရေးလောကအ တွင်းလူသိများသော ဒေါ်မေနှင်း ကြည် (ခ) ဒေါ်နီနီ၏ နာရေးသို့ လိုက်ပါပို့ဆောင်သည့် ဦးဝင်း ထိန်က 7 Day Daily သတင်းစာ အားပြောကြားသည်။ 

‘‘သဘာပတိဆိုတာ သဘာ ပတိလိုနေရတယ်။ နေရာတကာ ၀င်ပါပြီးပြောနေရင် အနေမတတ် ဘူးပြောခံရမှာ။ သဘာပတိလို အေးဆေးနေနေတာ’’ ဟု ၎င်းက ပြောသည်။

ဒီချုပ်ပါတီထိပ်တန်းခေါင်း ဆောင် တစ်ဦးဖြစ်သော ဦးဝင်း ထိန်သည် ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ တွင်တာဝန်ယူချိန်၌ ပါတီ၏အ မြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အ တွင်းရေးမှူးအဖွဲ့တွင် ဦးဆောင်သူတစ်ဦးဖြစ်ခဲ့သည်

၎င်းသည် ဒေါ်အောင်ဆန်း စုကြည်ပြီးလျှင် ပါတီတွင်း သြ ဇာညောင်းသူအဖြစ် ထင်ရှားလာ သူလည်းဖြစ်သည်။

၂၀၁၈ နှစ်ဦးပိုင်းက ဦးဝင်း ထိန်သည် ဒီချုပ်ပါတီအတွင်း ဆက်ရှိ၊ မရှိ အငြင်းပွားမှုဖြစ် ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၄ ရက် တွင်သြစတြေးလျနိုင်ငံသို့ မိသား စုဝင်များနှင့်အတူ ထွက်ခွာခဲ့ပြီး နှစ်လအကြာ ဒေါ်အောင်ဆန်း စုကြည်၏ သြစတြေးလျနိုင်ငံခရီး စဉ်အတွင်း ၎င်းတို့နှစ်ဦးတွေ့ဆုံ ပြီးနောက် ဦးဝင်းထိန် မြန်မာနိုင်ငံ သို့ ပြန်လာခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော်လည်း နေပြည် တော်၌ ပုံမှန်ပြုလုပ်သောဒီချုပ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးများသို့ တက် ရောက်ခြင်း မရှိတော့ဘဲ လက်ရှိ တွင် ဦးဝင်းထိန်သည် နေပြည် တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ နေထိုင်နေသည်။




0 comments:

Post a Comment