Thursday, November 29, 2018

လွှတ်တော်အမတ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန် ဖခင်အမတ်ကို နိုင်ကျဉ်းဟောင်းသားဖြစ်သူက တိုက်တွန်း

လွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေကို လက်ရှိ လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းရန် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ၎င်း၏သားဖြစ်သူက တိုက်တွန်းသည်။ 
ရေတာရှည်မြို့နယ် အမှတ် (၁)မဲဆန္ဒနယ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ကို ၎င်း၏သား ဖြစ်သူ ဦးအောင်မျိုးကျော်က နိုဝင်ဘာ ၂၅ ရက်တွင် ရေတာရှည်မြို့ ၌ ပြုလုပ်သော ဆွေးနွေးပွဲတစ်ခု၌ ရွေးကောက်ခံကိုယ်စားလှယ်ကို ပြည်သူလူထုက ပြန်လည်ရုပ် သိမ်းခွင့်အတွက် ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် မေးမြန်းခဲ့သည်။ 

‘‘မေးတာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မ တော်သားကိုယ်စားလှယ်တွေကို ခဏခဏလဲတယ်ပေါ့။ ဒီဘက်က ရွေးကောက်ခံကိုယ်စားလှယ်တွေ ကကော ပြည်သူလူထုရဲ့ဆန္ဒအရ မရဘူးလားပေါ့။ အဓိကက ပြည် သူလူထုကသာ တကယ်ဆန္ဒရှိ တယ်ဆိုရင်တော့ ကျွန်တော်တို့က နုတ်ထွက်ပေးဖို့ အဆင်သင့်ပဲ။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပုဂ္ဂ လိကဆန္ဒပါ’’ဟု ပဲခူးတိုင်းလွှတ် တော်ဒီချုပ်အမတ် ဒေါက်တာ ကျော်ကျော်က ပြောသည်။ 

ဖခင်ဖြစ်သူ အမတ်ကို လွှတ် တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအ ကြောင်း မေးမြန်းခဲ့သော ဦးအောင် မျိုးကျော်သည် နိုင်ငံရေးအကျဉ်း သားဟောင်းများ ကူညီစောင့် ရှောက်ရေးအဖွဲ့မှဖြစ်ပြီး ယင်း ဥပဒေကို ပြည်ထောင်စုလွှတ် တော်က ပြဋ္ဌာန်းရန် တိုင်းဒေသ ကြီးလွှတ်တော်မှ အဆိုတင်သွင်း ရန်(သို့မဟုတ်)မေးခွန်းမေးမြန်း ရန် မေးခွန်းထုတ်ခဲ့ကြောင်း သင့် မြတ်သူများ၏ငြိမ်းချမ်းရေးလမ်း စဉ်အဖွဲ့ PoPP မှ ပူးတွဲတည် ထောင်သူ ဦးသိန်းမင်းစိုးက ပြော သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၃၉၆(ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များအ နက် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့ က တာဝန်မှ ပြန်လည်ရုပ်သိမ်း လိုသော လွှတ်တော်ကိုယ်စား လှယ်နှင့် ပတ်သက်သည့် တိုင် တန်းချက်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ တင်ပြရ မည်ဟု ဖော်ပြထားသည်။ 

သို့ရာတွင် အခြေခံဥပဒေ ပုဒ်မ ၃၉၆(င) တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်မည် ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော် သည် ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း ၍ လည်းကောင်း၊ တာဝန်မှ ပြန် လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စ များနှင့်စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများပြဋ္ဌာန်း ရမည်ဟု ဖော်ပြသည်။ 

PoPP အဖွဲ့သည် ပဲခူးတိုင်း လွှတ်တော်သက်တမ်းတစ်ဝက် ဆောင်ရွက်ချက်များကို ခြုံငုံသုံး သပ်လေ့လာထားသည့် ‘လမ်းခု လတ်မှ လည်ပြန်ကြည့်ခြင်း’ အစီ ရင်ခံစာကို စက်တင်ဘာလကုန် တွင် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ရေတာရှည်မြို့၌ အစီရင်ခံစာအပေါ် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ 

သားဖြစ်သူ၏ မေးခွန်းကို ဖခင် ဒီချုပ်အမတ် ဒေါက်တာ ကျော်ကျော်က မေးခွန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ မေးမြန်းပေးမည်ဟု ဖြေကြားခဲ့ သည်ဟုဆိုသည်။ 

‘‘မေးခွန်းတစ်ခုဆိုတာက လွှတ်တော်မှာ တည်းဖြတ်တာရှိ တယ်လေ။ ဥပဒေနဲ့ဘောင်နဲ့ညီမှ တင်လို့ရတယ်။ အဲဒီစည်းကမ်းကို လိုက်နာရမယ်။ အဖွဲ့ချုပ်က ချ မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ကို လိုက်နာရမှာပဲ။ ဥပဒေအတိုင်း ကျွန်တော်သွားရမယ်။ လွှတ်တော်ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့နဲ့ ဆွေးနွေး ညှိနှိုင်းရဦးမယ်လေ’’ဟု ဒေါက် တာကျော်ကျော်က ပြောသည်။ 

လက်ရှိ ဒုတိယအကြိမ်လွှတ် တော်သက်တမ်းတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့၌ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြုအမတ်များက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့သည်။ 

မတ်လအတွင်း ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြည်ခိုင် ဖြိုးအမတ် ဦးစိုင်းသန်းနိုင်၏မေး ခွန်းကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပိုမိုကောင်းမွန် ပြည့်စုံစေရေး ဆက်လက်ပြင်ဆင်ညှိနှိုင်းပြုစု ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

7Day


0 comments:

Post a Comment