Thursday, November 29, 2018

e-Government စုပေါင်းဒေတာစင်တာအတွက် ကန်ဒေါ်လာသန်း ၁၀၀ အသုံးပြုမည်ဟုဆို

နေပြည်တော်တွင် တည်ဆောက်မည့် မြန်မာ e-Government စုပေါင်းဒေတာ စင်တာအတွက် ခန့်မှန်းခြေဒေါ် လာသန်း ၁၀၀ အသုံးပြုမည်ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန e- Gover-nment ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပြောသည်။ 
မြန်မာအစိုးရသည် e-Government ဒေတာစင်တာကို ကိုရီးယားနိုင်ငံ၏ချေးငွေဖြင့် အ ကောင်အထည်ဖော်မည် ဖြစ်ပြီး ချေးငွေရယူရန် အပြီးသတ်လက် မှတ်ရေးထိုးရခြင်း မရှိသေးကြောင်း၎င်းက ပြောသည်။ 

‘‘သန်း ၁၀၀ ထက်တော့ မများဘူး။ နည်းချင်နည်းမှာပေါ့’’ဟု ဒေါ်နွယ်နီစိုးရင်က ပြောသည်။ 

မြန်မာ e-Government ဒေတာစင်တာသည် အစိုးရဌာန ဆိုင်ရာအားလုံး၏ အချက်အ လက်များကို တစ်နေရာတည်း စုစည်းအသုံးပြုနိုင်ရန် ရည်ရွယ် သည်။ အဆိုပါ ဒေတာစင်တာကို ၂၀၂၀ ၌ အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ဒုတိယပတ်တွင် ကြေညာသည်။ 

အဓိက e-Government ဒေတာစင်တာကို နေပြည်တော် တွင် တည်ဆောက်မည်ဖြစ်ပြီး အရန်ဒေတာစင်တာကို သန်လျင် မြို့နယ်၌ တည်ဆောက်မည် ဖြစ် သည်။ 

e-Government ဒေတာ စင်တာသည် အစိုးရဝန်ဆောင်မှု ကွန်ရက်ကို မြန်နှုန်းမြင့် လုပ် ဆောင်မည့်အပြင် Cloud ဝန်ဆောင်မှုများ၊ Co Location ဝန်ဆောင်မှုများလည်း ပေးအပ် မည်ဟု ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

7Day

0 comments:

Post a Comment