Thursday, November 29, 2018

မကွေးတိုင်း၌ လေအားလျှပ်စစ်ထုတ်လုပ်ရေး ဖြစ်နိုင်ခြေလေ့လာမှု သဘောတူစာချုပ် သက်တမ်းတိုး


မကွေးတိုင်း၌ လေအား လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်နိုင် ခြေလေ့လာမှုသဘောတူစာချုပ် သက်တမ်းပြည့်ပြီဖြစ်၍ မကွေး တိုင်းအစိုးရရုံးခန်းမ၌ နိုဝင်ဘာ ၂၈ ရက်တွင်နှစ်တိုးစာချုပ်ချုပ်ဆို ခဲ့သည်။ 
လေအားလျှပ်စစ်ထုတ်လုပ် နိုင်ရန် ၂၀၁၇ ဧပြီတွင် ဖြစ်နိုင်ခြေ လေ့လာမှုသဘောတူစာချုပ်ချုပ် ဆိုပြီး သက်တမ်းပြည့်ပြီဖြစ်၍ လေ့လာမှုများ ဆက်လက်လုပ် ဆောင်နိုင်ရန် တိုင်းအစိုးရနှင့် Infra Capital Myanmar (ICM)တို့ နှစ်တိုးစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် သည်။လေအားဖြင့်လျှပ်စစ်ထုတ် လုပ်နိုင်ရန် ဖြစ်နိုင်ခြေလေ့လာမှု စစ်တမ်းများအရ မင်းလှ၊ မင်း တုန်းနှင့် ချောက်မြို့နယ်တို့တွင် လေအားမှ လျှပ်စစ် ၂၆၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု တွေ့ရှိထား ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြော သည်။ 

‘‘မကွေးတိုင်း အနေနဲ့စီမံခန့် ခွဲနိုင်တာက ၃၀ မဂ္ဂါဝပ်အထိပဲ စီမံခန့်ခွဲနိုင်တယ်။ တကယ်လို့ မဟာဓာတ်အားလိုင်းကို သူတို့ ရောင်းမယ်ဆိုရင်တော့ ပြည် ထောင်စုနဲ့ညှိနှိုင်းရမယ်။ ပြည် ထောင်စုမှာ ရှေ့လာမယ့် ၂၀၁၉ မှာ တိုင်ပင်ညှိနှိုင်းပြီးပြီဆိုလို့ရှိ ရင် သူတို့တည်ဆောက်ရေးလုပ် ငန်းတွေစလုပ်လိမ့်မယ်’’ ဟု ၀န် ကြီးချုပ်ကဆိုသည်။ 

ယင်းကဲ့သို့ လေအားလျှပ် စစ်ထုတ်လုပ်ခြင်းအတွက် သဘာ ၀ပတ်ဝန်းကျင်ထိခိုက်မှုရှိ၊ မရှိ ဆန်းစစ်မှုများကို ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ က အသိအမှတ်ပြုထားသည့် ကုမ္ပဏီနှင့်စနစ်တကျဆောင်ရွက် နေကြောင်း မကွေးတိုင်းလျှပ်စစ် ၀န်ကြီးဦးမြင့်ဇော်ကပြောသည်။ 

‘‘လေအားလျှပ်စစ် ထုတ် လုပ်လိုက်လို့ မြန်မာနိုင်ငံကိုလာ နေကျဖြစ်တဲ့ ဆောင်းခိုငှက်တွေ ရဲ့လမ်းကြောင်းကို ထိခိုက်မှုရှိ၊ မရှိကစပြီးတော့ တခြားသဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိ၊မရှိကို စနစ်တကျဆန်းစစ်ပါတယ်။ စီမံ ကိန်းတည်ဆောက်ရင်လည်း မြေ အသုံးပြုမှုကို လိုအပ်ချက်ရဲ့ အ နည်းဆုံး ပမာဏကိုပဲ အသုံးပြု သွားမှာပါ’’ ဟု ဦးမြင့်ဇော်ကဆို သည်။ 

လေအားလျှပ်စစ်ထုတ်လုပ် နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအ တာနှင့်လေတိုက်နှုန်းများကို လေ့ လာသော်လည်း မကွေးတိုင်းအ တွင်းမြို့နယ်သုံးခုတွင် လေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် နေရာကောင်းလေးနေရာ တွေ့ရှိ သဖြင့် ယင်းနေရာများမှ ထုတ် လုပ်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ICM ကုမ္ပဏီ တာဝန်ရှိသူက ပြော ကြားသည်။


7Day

0 comments:

Post a Comment