Thursday, November 29, 2018

အပစ်ရပ်ရန် ရှမ်းပါတီ၊ အဖွဲ့အစည်းများ မေတ္တာရပ်ခံထားသော်လည်း RCSS နှင့် SSPP တိုက်ပွဲဆက်ဖြစ် တိုက်ပွဲများအရှိန်မြင့်လာမှု ထိန်းချုပ်ရန်လိုအပ်ဟု CSSU ထပ်မံ မေတ္တာရပ်ခံ

ရှမ်းနိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) တို့ကို မေတ္တာရပ်ခံ ထားသော်လည်း SSPP နှင့် RCSS တို့အကြား ယမန်နေ့က တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ 
RCSS နှင့် SSPP အပါအဝင်ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်း ပါတီများ စုပေါင်းဖွဲ့စည်းထား သည့် ရှမ်းပြည်ညီညွတ်ရေးကော် မတီ (CSSU) ဥက္ကဋ္ဌ ဦးစိုင်းအိုက် ပေါင်းက ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားမှုရပ်ဆိုင်း ရေး ညှိနှိုင်းရန် ဒုတိယအကြိမ် မေတ္တာရပ်ခံထားသည်ဟု CSSU အတွင်းရေးမှူး ဦးစိုင်းဘိုးအောင် က ပြောသည်။ CSSU ဥက္ကဋ္ဌတာ ဝန်ကို အဖွဲ့ဝင် အဖွဲ့အစည်းများ အလှည့်ကျတာဝန်ယူရာ ယခုနှစ် တွင် ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ(SNDP)က တာ ဝန်ယူထားသည်။ 

‘‘အစောပိုင်းဖြစ်တဲ့ အဖြစ် အပျက်တွေတုန်းကတော့ ဒေသ အလိုက် ပဋိပက္ခပုံစံလေးပဲဖြစ်ခဲ့ တာကိုး။ အခု တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတော့ အခု ဒီဟာ လေးကို ထိန်းချုပ်ဖို့လိုအပ်တယ် ဆိုတဲ့ အနေအထားတော့ ကျွန် တော်တို့ မေတ္တာရပ်ခံထားတာရှိ ပါတယ်’’ဟု ဦးစိုင်းဘိုးအောင်က နိုဝင်ဘာ ၂၈ရက်တွင်ပြောသည်။ 

နယ်မြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် SSPP နှင့် RCSS အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းအပေါ် ယခုရက်ပိုင်းအတွင်း ရှမ်းပါတီနှင့် အဖွဲ့အစည်းများက အပစ်ရပ်စဲ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်း ထားသည်။ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က RCSS နှင့် SSPP ဥက္ကဋ္ဌတို့ ထံ နိုဝင်ဘာ ၂၆ ရက်တွင် စာပို့ကာ အပစ်ရပ်စဲရေး ချက်ချင်း ဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေး ရန် မေတ္တာရပ်ခံထားသည်။ 

သို့ရာတွင် RCSS နှင့် SSPPတို့သည် နိုဝင်ဘာ ၂၈ ရက်တွင် နမ္မတူမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း RCSS က သတင်းထုတ် ပြန်သည်။ ရှမ်းမြောက်ရှိ RCSS တပ်ဖွဲ့ကို SSPP နှင့် တအာင်း လက်နက်ကိုင်အဖွဲ့(TNLA)ပူး ပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက် ခိုက်သောကြောင့် နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာ အနောက်ဘက် ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြ ထားသည်။ 

RCSS နှင့် SSPP သည် နိုဝင်ဘာ ၂၃ ရက်က သီပေါမြို့ နယ် နားလော့ရွာတွင် တိုက်ပွဲဖြစ် ပွားရာ ကလေးငယ်တစ်ဦးအပါ အဝင် အရပ်သားသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်။ အရပ် သားသေဆုံးမှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက ၎င်းတို့တပ်ဖွဲ့ဝင် များ လုပ်ဆောင်ခြင်းမရှိဟု ငြင်း ဆိုထားသည်။ 

NCA လက်မှတ်ရေးထိုးထား သည့် RCSS နှင့် NCA မထိုးရ သေးသည့် SSPP တို့သည်ယခုနှစ် သြဂုတ်နောက်ပိုင်းကစ၍ နမ္မတူ၊လားရှိုး၊ မိုင်းကိုင်၊ ကျေးသီး၊ သီပေါစသည့်မြို့နယ်များ၌ မကြာ ခဏ တိုက်ပွဲဖြစ်ပွားနေသည်။ 

သြဂုတ်က နှစ်ဖက်တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးသော်လည်း ပြေလည် မှုမရဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ဒေသခံပြည်သူများ အနေဖြင့် တိုက်ပွဲများကြောင့် သေဆုံးဒဏ်ရာရခြင်း၊ မြေမြှုပ် မိုင်းနင်းမိခြင်း၊ စစ်ဘေးတိမ်း ရှောင်ရခြင်း စသည့်စစ်ဘေးဒုက္ခ မျိုးစုံကြုံနေသည်။ 


7Day

0 comments:

Post a Comment