Thursday, November 29, 2018

ရွှေတိဂုံဘုရားလာဖူးသော စင်ကာပူနိုင်ငံသားသုံးဦးထံမှ ကျပ်တစ်သောင်းတန်အတုများမိ

ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သည့်စင်ကာ ပူနိုင်ငံသားသုံးဦးထံမှ ကျပ်တစ် သောင်းတန်ငွေစက္ကူအတုအရွက် ၄၀ ကျော်ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။ 
နိုဝင်ဘာ ၂၈ ရက်နံနက် ၆ နာရီခွဲခန့်က ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းပြည်ပ ဧည့်ဝင်ကြေး ကောက်ခံသော ကောင်တာ၌ အဆိုပါစင်ကာပူ နိုင်ငံသားများက ဧည့်ဝင်ကြေးအ ဖြစ် ပေးသွင်းသည့် ကျပ်တစ် သောင်းတန်ငွေစက္ကူများကို ငွေ စစ်စက်ဖြင့်စစ်ဆေးရာ ငွေစက္ကူ အတုများဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ၎င်းကဆို သည်။ 

ထို့နောက် စင်ကာပူနိုင်ငံ သားသုံးဦးကို ဂေါပကရုံးခန်းသို့ ခေါ်ဆောင်၍ ရွှေတိဂုံစေတီတော် လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင် များနှင့်တာဝန်ရှိသူများက စစ် ဆေးမေးမြန်းပြီး ဒဂုံမြို့မရဲစခန်း သို့ လွှဲပြောင်းပေးခဲ့ကြောင်း အ ထက်ပါရဲအရာရှိက ပြောသည်။ 

‘‘လောလောဆယ်သူတို့ကို စခန်းမှာပဲ စစ်ဆေးမေးမြန်းနေ တုန်းပါ။ အသေးစိတ်ဘာမှပြော လို့မရသေးဘူး’’ ဟု ဒဂုံမြို့မရဲစ ခန်းတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ ၎င်းတို့သုံးဦးမှာအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

7Day

0 comments:

Post a Comment