Thursday, November 1, 2018

ဒုက္ခသည်အဖြစ် အသိအမှတ် မပြုတော့မှာကို ရုပ်သိမ်းပေးဖို့ တောင်းဆို


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် အဆုံးသတ်မယ့် လုပ်ငန်းစဉ် ပြန်လည် ရုပ်သိမ်းပေးဖို့ ချင်းဒုက္ခသည်များ အထောက်အကူပြု ကော်မတီ (CRSC) က တောင်းဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ချင်းဒုက္ခသည်တွေကို UNHCR မလေးရှားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် အဆုံးသတ်မယ့် လုပ်ငန်းစဉ်ကို အသိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်တွေဟာ တုန်လှုပ်ခြောက်ခြားခဲ့ရပြီး အမျိုးသမီးငယ်တစ်ဦး အပါအဝင် ချင်းဒုက္ခသည်တစ်ချို့ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် UNHCR ရဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် အဆုံးသတ်မယ့် လုပ်ငန်းစဉ် ပြန်လည် ရုပ်သိမ်းပေးဖို့နဲ့ နိုင်ငံတကာရဲ့ အကာအကွယ် လိုအပ်နေတဲ့ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေအတွက် အထူးဂရုပြု ကာကွယ်စောင်ရှော့က်ပေးနိုင်ဖို့ အလေးအနက်ထား တိုက်တွန်းကြောင်း CRSC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




0 comments:

Post a Comment