Thursday, November 29, 2018

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦအား၂၀၂၀ ခုနှစ် မတိုင်မီဆောက်လုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တောင်းဆို


ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအား ၂၀၂၀ ခုနှစ်မတိုင်ခင်ဆောက်လုပ်ပေးစေချင်ကြောင်း ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။ 
“အစိုးရမှာရော ဒေါ်အောင်ဆန်းစုကြည်မှာရော ကျွန်မတို့ပါတီကရော ကျောင်းသားသမဂ္ဂတွေရဲ့သမိုင်းဝင်ဖြစ်မှုအပေါ်မှာ ရပ်တည်ထားပြီးသားဆိုတော့ ဒီဟာကို ဆောက်ခွင့်ရမည်ဆိုရင် အော်တိုပဲ ကျောင်းသားတွေရဲ့တရားဝင်မှုဟာ ပိုပြီးတော့ ဖြစ်လာမယ်။ဒီအဆောက်အဦးဆောက်လို့ရသွားရင် သမဂ္ဂအဆောက်အဦးပဲဖြစ်မှာပဲ ကျွန်မသဘောကတော့ ၂၀၂၀ မတိုင်ခင်တော့ ဖြစ်စေချင်တယ်။ လွှတ်တော်ထဲမှာရှိနေတဲ့အချိန် လုပ်ပိုင်ခွင့်ရှိနေတဲ့ အချိန်မှာတော့ သမိုင်းဆိုင်ရာ အဆောက်အဦးကို အခုတော့ ပြောင်းသုံးတယ်ပြောတယ်။ ဒီနှစ်ရှည်စီမံကိန်းထဲမှာ ပြနိထည့်မှုလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အဓိကကတော့ ကျောင်းသားမျိုးစက်တွေကြားမှာ ဘယ်လိုညှိနိုင်မလဲဆိုတာ ဖြစ်ပါလိမ့်မယ်”ဟု ဒေါ်ဇင်မာအောင်ကပြောသည်။ 

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ကျောင်းသားသမဂ္ဂအဆောက်အဦးဆောက်လုပ်ပေးနိုင်ရန်အတွက် ဒေါ်ဇင်မာအောင်မှ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းမေးရန်အတွက် မတ်လ ၇ ရက်နေ့က ပေးပို့ခဲ့ကြောင်းသိရသည်။ 

“အမ မေးတာကကျတော့ ဘတ်ဂျက်ရဲ့ သဘောသဘာဝမေးတာ ဒီ ၂၀၁၇ ခုနှစ်ကတည်းက ခွင့်ပြုထားပြီးဖြစ်တဲ့ ဒီဘတ်ဂျက် ၅ ဘီလီယံကျော်ကျော်လောက် ခွင့်ပြုထားပြီးဖြစ်တယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦး အဲ့ဒါက အခု ၂၀၁၈ ခုနှစ်ထဲရောက်တဲ့အထိ ဘာမှ အကောင်အထည်မဖော်လာတဲ့ အတွက်ကြောင့်မို့လို့ ဒါ အမ အနေနဲ့ မေးတာ ဒီဘတ်ဂျက် က ဘာဆက်လုပ်မှာလဲ။ ဒီကျောင်းသားသမဂ္ဂအဆောက်အအုံ ဆောက်ဖို့ ဘတ်ဂျက်ကို လျာထားတာကို ဘယ်လိုလုပ်မလဲ။ ဘယ်တော့ ဆောက်ဖြစ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာ မေးချင်လို့ ကြယ်ပွင့်ပြမေးခွန်းတင်တာ”ဟု ၎င်း ကပြောသည်။ 

ထိုသို့မေးမြန်းရန်အတွက် စာတင်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စာဖြင့်သာ ပြန်ဖြေပေးလာကြောင်း ဒေါ်ဇင်မာအောင်ကပြောသည်။ 

“ကြယ်ပွင့်ပြမေးခွန်းကို အမ ကယ်ရီမလုပ်လိုက်တဲ့အတွက်ကြောင့် စာနဲ့ပြန်ဖြေလာတာပေါ့။ အားနည်းချက် က ဘာဖြစ်သွားလဲဆိုတော့ စာနဲ့ ပြန်ဖြေလာတဲ့တွက်ကြောင့် ဆက်စပ်မေးခွန်းဆက်မေးလို့မရတော့ဘူး”ဟု ၎င်းကပြောသည်။ 

ဒေါ်ဇင်မာအောင်၏မေးမြန်းမှုအား ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားမှုတွင် “ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးဆောက်လုပ်ပေးရန်အတွက် အချိန်ယူညှိနှိုင်းအတည်ပြုဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ခွဲဝေရရှိထားသော ရန်ပုံငွေများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ Master Plan (Hardware နှင့် Software )အရ တည်ဆောက်မည့် Student Hub နှင့် University အဆောက်အဦးများဆောက်လုပ်ရာတွင် လွှဲပြောင်းသုံးစွဲသွားရန်စီစဉ်နေကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်”ဟု ပါရှိသည်။ 

“အမတို့ ကတော့ ကိုယ်လည်း ကျောင်းသားဘ၀က လာတာပဲ ဒီကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်ဆောက် ခွင့်ကိုတော့ အစိုးရမှာတော့ မူရှိတယ်။ ဒါပေမဲ့ တချို့ဝန်ကြီးဌာနကလည်း မတို့ရဲ့ မထိရဲတာလည်း ပါတာပေါ့။ ဆောက်လိုက်မှ ကျောင်းသားအင်အားစုကြားမှာ ပြသနာဖြစ်သွားမလား ဆိုတာမျိုးတွေကောဖြစ်တယ်ဆိုတော့ အမ စိတ်ထဲမှာတော့ မကောင်းဘူး ပွင့်ပွင့်လင်းလင်းပြောရရင် ကျောင်းသားအဆောက်အဦးကို ညီညီညွှတ်ညွှတ်နဲ့ ပုံသဏ္ဍန်ပိုင်းမှာလည်း အရင် သမိုင်းဝင်ပုံစံလိုမျိုးလုပ်ချင်တာည်းရှိတယ်။ ဒီဘက်ခေတ်ပုံစံနဲ့ဘယ်လိုမျိုး ဒါကတော့ ညှိရနှိုင်းရမှာပေါ့” ဟု ဒေါ်ဇင်မာအောင်ကပြောသည်။

The Fifth Wave News

0 comments:

Post a Comment