Thursday, November 1, 2018

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ နယ်တွင် မြန်မာနိုင်ငံသား ၃၂၀ အဖမ်းခံရ


နိုဝင်ဘာလ (၁)ရက်နေ့  မနက်ပိုင်းကစပြီး မဲဆောက်မြို့ က မြန်မာနိုင်ငံသားတွေအများဆုံးနေထိုင်နေကြတဲ့ ရပ်ကွက် နေရာ ခြောက်နေရာကို အာဏာပိုင်တွေက ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ 
မဲဆောက် လူဝင်မှုကြီးကြပ်ရေး၊ အမှတ် ၁၄ ခရီးသွားလာရေး ရဲတပ်ဖွဲ့ နဲ့ နယ်ခြားစောင့်တပ် ၃၆၄ တပ်ဖွဲ့ တွေပါ အားဖြည့်ထားပြီး မဲဆောက်မြို့ နယ်အတွင်းမှာ တရားမ၀င်နိုင်ငံခြားသားတွေ လုံဝ ကင်းစင်ရမယ်ဆိုတဲ့ အထက်က ညွှန်ကြားချက်နဲ့  ခုလိုOperation X – Ray Law Foreigner နိုင်ငံခြားသား တွေကို ပိုက်စိတ်တိုက်ရှာဖွေ ရှင်းလင်းနေတာလည်းဖြစ်ပါတယ်။



ယခုရပ်ကွက် (၆)ခုမှာ ဖမ်းလိုက်တဲ့ မြန်မာနိုင်ငံသား ၃၂၀ မှာ အထောက်အထားရှိသူတွေလည်းပါဝင်နေတာတွေ့ ရပါတယ်။ အားလုံး လ၀က ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အထောက်အထားလက်မှတ်တွေ သေခြာစစ်ပြီးမှပြန်လွှတ်ပေးမယ်လို့ လည်းသိရပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဟာဖေါက်ထွင်း လောင်ကစား မူးယစ်ဆေးနဲ့  လူကုန်ကူး စတဲ့ မူခင်းတွေ များလာနေတာကို လျှော့ကျလာအောင် စီမံချက်နဲ့  ခုလို စစ်ဆေးမှုတွေလုပ်နေခဲ့ရာမှာ ယခုရက်ပိုင်းအတွင်း မဲဆောက်ရဲအချုပ်ကနေ တရုတ်နိုင်ငံသား တရားခံပြေးနှစ်သီး လွတ်မြောက် သွားခဲ့တာကြောင့်လည်း တာဝန်၇ှိတဲ့ ရဲအရာရှိ (၆)ဦးကို စစ်ဆေး အရေးယူခဲ့ရပါတယ်။



0 comments:

Post a Comment