Thursday, November 1, 2018

မေဂျာလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တဲ့ ၀ိန်းရွန်းနီ နဲ့ ဇလာတန်အီဗရာဟီမိုဗစ်ခ်ျ




DC United အသင်းရဲ့ ဟီးရိုး ၀ိန်းရွန်းနီနဲ့ LA ဂလက်ဆီ အသင်းရဲ့ တိုက်စစ်မှူး ဇလာတန်တို့ဟာ ၂၀၁၈ခုနှစ်မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆု (2018 Landon Donovan MLS MVP Award) အတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာလာခဲ့ပါတယ်။ 
ဇလာတန်ဟာ မန်ယူအသင်းကနေ LA ဂလက်ဆီအသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူလိဂ်ပွဲ ၂၇ ပွဲ ကစား ထားကာ ၂၂ ဂိုးအထိသွင်းယူပေးထားနိုင်ပြီး ဖန်တီးမှု ၁၀ ကြိမ်ထိ ပြုလုပ်ထားနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ပါတယ်။ ဇလာတန်ဟာ အကောင်းဆုံးကစားသမားဆု နဲ့ အကောင်းဆုံး ဒဏ်ရာကနေ ပြန်လာနိုင်တဲ့ ကစားသမားဆု အပြင် မေဂျာလိဂ်ရဲ့ ဆု ၃ ဆုစာရင်းမှာ ဆန်ကာတင်ကစားသမားအဖြစ် ပါဝင်လာခဲ့ တာဖြစ်ပြီး အသင်းကိုတော့ Play Off ပွဲစဉ်ဝင်ခွင့်ရရှိအောင်တော့ စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

အင်္ဂလန်အသင်းနဲ့ မန်ယူအသင်းရဲ့ ကစားသမားဟောင်းကြီး ၀ိန်းရွန်းနီကတော့ ပြီးခဲ့တဲ့ ဇွန်လကမှ အဲဗာတန်အသင်းကနေ အမေရိကန်ကလပ် DC United အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး Play Off ၀င်ခွင့်ရရှိဖို့အတွက် ရုန်းကန်နေရတဲ့ DC United အသင်းကို ရောက်ရောက်ချင်းမှာပဲ ရလဒ်ကောင်းတွေ ထွက်ပေါ် အောင် ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ ၄င်းရဲ့ အံ့သြဖွယ်စွမ်းဆောင်ချက် တွေကြောင့်ပင် ရာသီအကုန်မှာ DC United ဟာ Play Off ၀င်ခွင့် ရရှိသွားခဲ့တာဖြစ်ပြီး အဆိုပါ မှတ်တမ်းဟာ သမိုင်းတစ်လျှောက် အံ့သြဖွယ်ရာ အခိုက်တန့်တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ၀ိန်းရွန်းနီဟာ မကြာခင်မှာ ချီးမြှင့်သွားတော့မယ့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးမျက်နှာသစ် ကစားသမားဆုတွေရဲ့ ဆန်ကာတင်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပြီး ဘောလုံကျွမ်းကျင်ပညာရှင်တွေကတော့ ၀ိန်းဟာ အဆိုပါဆုတွေနဲ့ ထိုက်တန်သူဖြစ်ကြောင်း ထုတ်ဖော်ပြော ဆို နေကြပါတယ်။ 

သက်ဆိုင်ရာ ဆုအသီးသီးအတွက် ဆန်ကာတင်ကစားသမားတွေ ကိုတော့ မေဂျာလိဂ်မှာရှိတဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ မီဒီယာသမားတွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး ဘောလုံး ကျွမ်းကျင်သူတွေသုံးသပ်သလို ၀ိန်းရွန်းနီတစ်ယောက် ဒီဆုကို ပိုင်ဆိုင်နိုင်မှာလား ဆိုတာကတော့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။ 

The Ladies News

0 comments:

Post a Comment