Wednesday, June 26, 2019

ရိုဟင်ဂျာတွေကြောင့် တည်ငြိမ်မှုထိခိုက်နိုင်ဟု ရှိတ် ဟာစီနာပြောကြား


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ် အမြန်ဆုံး ပြန်မပို့နိုင်ရင် သူတို့နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံမှုကို ထိခိုက်လာနိုင်တဲ့အတွက် စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ မနေ့က ပြောကြားလိုက်ပါတယ်။ 
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာက မြန်မာအစိုးရကို ဆက်လက် တွန်းအားပေးနေကြောင်းလည်း ပြောပါတယ်။ 

တဆက်တည်းမှာပဲ ဝမ်းနည်းစရာဖြစ်ပေမယ့် အမှန်အတိုင်းပြောရရင် မြန်မာအစိုးရဟာ နိုင်ငံတကာမျက်နှာစာတွေမှာ အမြင်ကောင်းအောင် ဝါဒဖြန့်နေပေမယ့် ရိုဟင်ဂျာတွေပြန်ပို့ရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နေတယ်လို့လည်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ မနေ့က ပြောကြားသွားပါတယ်။ 

Photo: AFP 
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ။
RFA

0 comments:

Post a Comment