Monday, July 1, 2019

ရန်ကုန်တိုင်းတွင် H1N1 ကြောင့် သေဆုံးသူ ၁၇ ဦးရှိလာ


ရန်ကုန်တိုင်းတွင် ယမန် နေ့အထိ ရာသီတုပ်ကွေးရောဂါ ကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး/ကူးစက်ဌာနအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ရဲလင်း နိုင်က ပြောသည်။ 
ဇွန်လ ၃၀ ရက် နံနက် ၁၀ နာရီအထိ ရန်ကုန်တိုင်းအတွင်း ရာသီတုပ်ကွေးရောဂါသံသ ယလူ နာ ၁၈၃ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ သည့်အနက် ယင်းရောဂါဖြစ်ပွား သူ ၆၇ ဦးရှိပြီး ၁၇ဦး သေဆုံးခဲ့ သည်။ သေဆုံးသူများတွင် အ သက်(၇၀)ကျော် အရွယ်နှင့် (၁)နှစ်နှင့်သုံးလအရွယ် ကလေးအ ပြင် နှလုံးရောဂါ၊ ရင်ကျပ်ရောဂါ၊ ကျောက်ကပ်၊ ဆီးချိုရောဂါအခံ ရှိသူများနှင့် နာတာရှည်ရောဂါခံ စားနေရသူများလည်းပါဝင်သည်။ 
ဇွန်လ ၂၇ ရက်အထိ ရန်ကုန်ကလေးဆေးရုံကြီးတွင် ရာသီတုပ် ကွေးရောဂါရှင် ကလေးလူနာ လေးဦးအနက် တစ်ဦးသေဆုံး ကြောင်း၊ ယင်းသေဆုံးခဲ့သည့် ကလေးငယ်သည် မွေးရာပါ နှလုံးရောဂါအခံရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြော ကြားသည်။ 
ရာသီတုပ်ကွေးရောဂါသည် ရောဂါပိုးကူးစက်ခံရသည့် အချိန် ကစတင်၍ တစ်ရက်မှ လေးရက် အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။ 
ထို့ထက်ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအ လွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ် ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါ က နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။ 
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရောဂါဖြစ်ပွားမှုလည်း ယခု နှစ်စမှ ဇွန်လ ၂၈ ရက်အထိ ရာသီတုပ်ကွေးဖြစ်ပွားသူ ၇၅ ဦးရှိပြီး သေဆုံးသူ ၁၅ ဦးရှိကြောင်း၊ ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံး သည် ရန်ကုန်တိုင်းမှဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။ ဇွန်လ ၃၀ ရက်အထိ တစ်နိုင်ငံ လုံးတွင် ရာသီတုပ်ကွေးဖြစ်ပွားမှု အခြေအနေနှင့် သေဆုံးသူစာရင်း ကို နေပြည်တော်ရှိ တာဝန်ရှိသူ များထံ ဆက်သွယ် မေးမြန်းသော် လည်း ဖြေကြားမှုမရှိပေ။ 
သို့ဖြစ်၍ H1N1 ကြောင့် ဇွန် လ ၂၈ ရက်ထိ တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးသူဦး ရေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏တရားဝင်ထုတ်ပြန် မှုနှင့် ရန်ကုန်တိုင်းအတွင်း ဇွန်လ၃၀ ရက်အထိ ထပ်မံသေဆုံးမှု များပါ ခန့်မှန်းတွက်ချက်ပါက တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၂၀ ဦးထက်မနည်း ရှိလာပြီဖြစ်သည်။ 
ရန်ကုန်တိုင်းတွင် ၂၀၁၇ က ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ ၉၂ ဦးရှိကာ ၁၂ ဦး သေဆုံးခဲ့ သည်။

7Day 



0 comments:

Post a Comment