Wednesday, June 26, 2019

ဂုဏ်ပြုတံဆိပ်ရသည့် ပထမဆုံး သက်ရှိ အီရတ်စစ်ပြန် တပ်ကြပ်ကြီး ဒေးဗစ်ဘယ်လာဗီယာ


အမေရိကန်စစ်တပ်က တပ်ကြပ်ကြီး ဒေးဗစ် ဘယ်လာဗီယာဟာ ဂုဏ်ပြုတံဆိပ်ရတဲ့ ပထမဆုံး သက်ရှိ အီရတ်စစ်ပြန် ဖြစ်လာပါတယ်။ 
သူ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတအိမ်ဖြူတော်မှာ ဇွန်လ ၂၅ ရက်က ဆုချီးမြှင့်ခဲ့တာပါ။ 

၂၀၀၄ အီရတ်နိုင်ငံ ဖာလူဂျာမြို့ တိုက်ပွဲအတွင်း သူ့တပ်စိတ်ရဲ့အသက်ကို ကယ်ဖို့ ကာပစ် ပစ်ပေးခဲ့တဲ့အတွက် ဘယ်လာဗီယာဟာ အမေရိကန်စစ်တပ်မှာ အမြင့်ဆုံးဆုကို ချီးမြှင့်ခံရတာပါ။ 

အမှောင်ထဲမှာ တယောက်တည်း ကျန်နေတုန်း ဒေးဗစ်ဟာ သူ့စစ်သားတွေကို ကယ်ဖို့ သူပုန်လေးယောက်ကို သတ်ပြီး ငါးယောက်မြောက်လူ ဒဏ်ရာအပြင်းအထန်ရအောင်နဲ့ ရန်သူတွေ စိတ်ဓာတ်ကျအောင် လုပ်နိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ 

ထူးချွန်ပြောင်မြောက်မှုနဲ့ ရဲစွမ်းသတ္တိအတွက် The Medal of Honor ဂုဏ်ပြုဆုကို ပေးတာ ဖြစ်ပါတယ်။ ကျဆုံးခဲ့ပြီးဖြစ်တဲ့ အီရတ်စစ်ပြန် ငါးယောက်လည်း ဒီဆုကို ရခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment