Monday, August 5, 2019

သူပုန်များထံက သိမ်းဆည်းရမိသော လက်နက်များကို ဆီးရီးယားအစိုးရ ပြသ

Image may contain: one or more people and outdoor
ဆီးရီယားတပ်ဖွဲ့တွေဟာ မကြာသေးမီက သူပုန်တွေနဲ့ အစွန်းရောက်အဖွဲ့တွေဆီမှ သိမ်းဆည်းရမိခဲ့တဲ့ ခဲယမ်းမီးကျောက်နဲ့ လက်နက်အများအပြားကို အခုလ(၄)ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီလက်နက်တွေကို ဆီးရီးယားတောင်ဘက်ပိုင်းကနေ တွေ့ရှိခဲ့တာပါ။ 

အခုလို လက်နက်ပစ္စည်းအမျိုးမျိုးနဲ့ပမာဏအများအပြားကို ကြည့်ခြင်းဖြင့် ဒါဟာ ဆီးရီးယားမှာရှိတဲ့အစိုးရ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကိုနိုင်ငံအများအပြားကစစ်ရေးအရထောက်ပံ့ပေးနေတယ်ဆိုတာပြသနေတာလို့ ဆီးရီးယား တပ်ဖွဲ့ကယုံကြည်နေပါတယ်။ ရရှိတဲ့လက်နက်တွေကိုတော့ ပြန်လည်ပြင်ဆင်ပြီး၊ အစိုးရစစ်တပ်မှာ အသုံးပြုသွားမယ်လို့ဆိုပါတယ်။

အစိုးရတပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေအပြင် IS စစ်သွေးကြွအဖွဲ့အပါအ၀င် အစိုးရကိုဆန့်ကျင်တဲ့ အမျိုးမျိုးသော အဖွဲ့တွေကြား ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် (၂၀၁၁)ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Image may contain: outdoor
Image may contain: one or more people and people standing

Translated by - (ခိုင်စန္ဒာကျော်)

0 comments:

Post a Comment