
အဆိုတော် အစ္စဏီအနေနဲ့ မီဒီယာတွေရှေ့မှာ တောင်းပန်ခဲ့တဲ့အတွက် မော်ဒယ် စူးရှထက်ဟာ အမှုရုတ်သိမ်းကြောင်း လျှောက်လွှာမှာ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၃ ခုစလုံးနဲ့ ပတ်သက်ပြီး စူးရှထက်က ကျေအေးပေးခဲ့တာပါ။
ကျေအေးလွှာမှာတော့ နောက်နောင် စူးရှထက်ကို အစ္စဏီအနေနဲ့ မည်သည့်နှောက်ယှက်မှုမျိုးကိုမဆို မပြုလုပ်ဖို့အတွက်လည်း ပါရှိပါတယ်။
အဆိုတော် အစ္စဏီကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု ၊ အလိုအလျှောက် နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ ဘေးဖြစ်စေသောလက်နက်နဲ့ နာကျင်စေမှု ပုဒ်မ ၃၂၄ တို့နဲ့ မော်ဒယ်စူးရှထက်က တရားလိုလုပ်ပြီး စွဲဆိုထားခဲ့တာဖြစ်ပြီး အမှုရင်ဆိုင်ချိန်ကာလဟာဆိုရင် ၁၆ လ အထိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
သတင်း/ဓါတ်ပုံ - ကရိုင်နူးရာ






0 comments:
Post a Comment