Friday, August 2, 2019

အဖျောက်တွင် ဧရာဝတီမြစ်ရေ တိုက်စားမူကြောင့် နေအိမ် ၁၂ လုံး ပြောင်းရွေ့

တိုက်ကြီးမြို့နယ် အဖျောက်မြို့ ရေပေါ်သောင် ကျေးရွာအုပ်စုတွင် ဧရာဝတီမြစ်ရေ တိုက်စားမူကြောင့် နေအိမ် ၁၂ လုံးကို ပြောင်းရွေ့ပေးလျက်ရှိကြောင်း ရေပေါ်သောင်ကျေးရွာအုပ်စု အုပ်ချပ်ရေးမှူး ဦးသက်ခိုင်က ပြောသည်။
ဧရာဝတီမြစ်ရေ တိုက်စားမူကြောင့် ဇူလိုင် (၃၁) ရက်နေ့တွင် နေအိမ် (၆) လုံး သြဂုတ်လ (၁) ရက်နေ့တွင် (၃) လုံးနှင့် သြဂုတ်လ (၂) နေ့တွင် နေအိမ် (၃) လုံး ပြောင်းရွေ့ခဲ့ရခြင်းဖြစ်သည်။

ဧရာဝတီမြစ်ရေက ဇူလိုင်လ တတိယပတ်မှစတင်၍ မြစ်ရေ ၃၅ ပေ တက်ပြီးမှ ရေပြန်ကျလာတော့ ရေကျချိန် မြစ်ကမ်းရေတိုက်စားပြီး မြစ်ကမ်းပြိုကျတော့ စိုးရိမ်ရတဲ့ နေအိမ်တွေကို ကြိုတင်ပြောင်းရွေ့တာပါ၊ ပြောင်းရွေ့ရတဲ့အိမ်တွေက ကျွန်တော်တို့ ရေပေါ်သောင်ကျေးရွာမှ မြေမရှိတော့ ဧရာဝတီတိုင်းဒေသကြီးအပိုင် ကျုံပျော်ကျေးရွာအပိုင်းက မြေဝယ်ပြီးပြောင်းရွေ့ရတာပါဟု ရေပေါ်သောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ခိုင်က ထပ်လောင်းပြောသည်။

ဧရာဝတီမြစ်ရေ တိုက်စားမူကြောင့် ဆက်လက်၍ စိုးရိမ်ရတဲ့ နေအိမ်များ ပြောင်းရွေ့ရန်ရှိကြောင်း ပြောင်းရွေ့နေအိမ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာအဆင့်ဆင့်သို့ တင်ပြထားကြောင်း ရေပေါ်သောင်ကျေးရွာ ရပ်မိရပ်ဖများက ပြောသည်။

The Voice

0 comments:

Post a Comment