Friday, August 2, 2019

သတင်းစာဆရာ ဦးဆွေဝင်း Ramon Magsaysay ဆုရရှိ


Image may contain: 6 people, people smiling, text
စုံစမ်းထောက်လှမ်းသတင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းဟာ အခြားအာရှတိုက်သား (၄)ယောက်နဲ့အတူ (၂၀၁၉)ခုနှစ်အတွက် အာရှနိုဗယ်ဆုခေါ် Ramon Magsaysay ကိုရရှိခဲ့တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က သြဂုတ်(၂)ရက် မှာသတင်းထုတ်ပြန်ပါတယ်။ 
လွတ်လပ်တဲ့၊ ကျင့်ဝတ်သိတဲ့၊ လှုမှုအသိုင်းအဝိုင်းကိုတွန်းအားဖြစ်စေတဲ့ ဆောင်ရွက်ချက်မျိုး မြန်မာ့သတင်းလောကမှာရှိလာအောင် သူရဲ့မဆုတ်မနစ် ကြိုးစားမှု အတွက် အခုလိုဆုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် သူဟာ အဂတိတရားကင်းတဲ့ တရားမျှတမှုရရှိရေး၊ ဖုံးကွယ်ထားမှုတွေကိုရှာဖွေဖော်ထုတ်ပြီး အမှန်တရားပေါ်အောင် ရေးသားတာ၊ သတင်းမီဒီယာရဲ့ အမှန်တရားဖော်နိုင်စွမ်းခွန်အားကိုပြသတာ၊ လူ့အခွင့်အရေးကို ကာကွယ်တာတွေအတွက် မလျှော့တမ်းကြိုးစားခဲ့သူလည်း ဖြစ်ပါတယ် လို့ ဆုရွေးချယ်ရေးအဖွဲ့ကပြောပါတယ်။ 
သူနဲ့အတူဆုရရှိတဲ့ တခြား(၄)ယောက်ကတော့ တောင်ကိုးရီးယားက ကင်ဂျွန်ကီ၊ အိန္ဒိယက ရာဗစ်ကူမား၊ ထိုင်းနိုင်ငံက အန်ခါနာနိလပါရစ်နဲ့ ဖိလစ်ပိုင်က ရေမွန်ဒိုကယာဗတို့ ဖြစ်ပါတယ်။ 
(၁၉၅၇)ခုနှစ်ကနေစတင်ပေးအပ်ခဲ့တဲ့ ဒီဆုဟာ အာရှဒေသမှာအမြင့်မားဆုံး လူ့အခွင့်အရေးဆု ဖြစ်ပါတယ်။ ဆုပေးအပ်ပွဲကိုတော့ စက်တင်ဘာ(၉)ရက်မှာ ကျင်းပမယ်လို့ Ramon Magsaysay ဆု ရွေးချယ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 comments:

Post a Comment