
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေး ကိန်းဂဏန်းဆိုင်ရာ ဘဏ်လုပ်ငန်းများသည် ပိုမို ပွင့်လင်း မြင်သာမှု ရှိလာပြီး ပြည်သူလူထု လက်လှမ်းမီသော အခြေအနေသို့  ရောက်ရှိလာကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ယနေ့  အမျိုးသား လွှတ်တော်၌ ဖြေကြားခဲ့သည်။
“အခုအချိန်မှာ စာရင်းများနဲ့  ပတ်သက်လို့  အတော်လေး ပွင့်လင်း မြင်သာမှု ရှိလာပြီး update ဂဏန်းတွေကိုလည်း ကျွန်တော်တို့  ထုတ်ပေးနိုင်ပြီ ဖြစ်ပါတယ်၊ မည်သူမဆို ဆန်းစစ်လေ့လာနိုင်ဖို့  လက်လှမ်းမီတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ၊ နောက်ဆက်လက် ဆောင်ရွက်သွားမှာကတော့ ဒီ data များနဲ့ ပတ်သက်ပြီး quality ပိုမို ကောင်းမွန်ရေး၊ ပိုမို ကျယ်ပြန့် တဲ့ coverage ပိုမို မြင့်မားလာတဲ့ ကိန်းဂဏန်းများ ဖြစ်လာစေရေးနဲ့ အချိန်ကွာဟာမှုကို ကျဉ်းမြောင်းသွားစေရေးများဖြစ်ပါတယ်”
ကယား မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း၏ ‘နိုင်ငံတော်၏ အရန် နိုင်ငံခြား သုံးငွေ (foreign exchange reserves)၊ အရန်ရွှေ (gold reserves)နှင့် ငွေကြေး ဖောင်းပွမှုညွှန်ကိန်း (inflation impact)တို့ ကို သုံးလ တစ်ကြိမ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိမရှိ’ မေးခွန်းနှင့် စပ်လျဉ်းပြီး မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။


(Xinhua)






0 comments:
Post a Comment