ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ထပ်မံ တင်ပြသည့် ကြားဖြတ် ရွေး ကောက်ပွဲကန့်ကွက်လွှာ အယူခံ ကို ပလပ်ခဲ့သည်။
၂၀၁၈ ကြားဖြတ် ရွေး ကောက်ပွဲတွင် ဒီချုပ်ပါတီမှ ဦးစိုင်းပန်းဆိုင်က တရားမဲ့ပြုကျင့်သည် ဆိုကာ ရှမ်းတိုင်းရင်းသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီဝင် ဒေါ်နန်း ထွေးမှုံက တိုင်ကြားထားသည့်အ ပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင် အမိန့်ချမှတ်ပြီး ဦးစိုင်း ပန်းဆိုင်းကို အနိုင်ပေးခဲ့သည်။
ယင်းသို့ အနိုင်ပေးသည့်အ ပေါ် ကျေနပ်မှုမရှိသဖြင့် ဒေါ်နန်း ထွေးမှုံက အချက်ငါးချက်ဖြင့် ထပ်မံ အယူခံဝင်ရောက်ခဲ့မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် အ မိန့်ချမှတ်ခြင်းဖြစ်သည်။
‘‘ဒီနေ့အယူခံအမှုမှာ ကော်မရှင်တစ်ဖွဲ့လုံး စုံညီခုံထိုင်တယ်။ မူလခုံရုံး(၂)က ချတဲ့အမိန့်ကို အတည်ပြုတယ်။ ဒါကြောင့်မို့ ဒီအယူ ခံအမှုကို ပလပ်လိုက်တယ်လို့ အမိန့်ချတာ’’ ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က 7Day Daily သတင်းစာအား ပြောသည်။
စုံညီခုံအဖွဲ့တွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ယနေ့ ချမှတ်ခဲ့သည့် အမိန့်အပေါ် တရား မျှတမှုရှိသည်ဟု မြင်ကြောင်း ဒီချုပ်ပါတီဝင် ဦးစိုင်းပန်းဆိုင်ကမှတ်ချက်ပြုသည်။
‘‘ကျွန်တော်တို့လည်း ရွေးကောက်ပွဲအတွက် အကောင်းဆုံးကြိုးစားခဲ့တာပါ။ တရားမဲ့ပြုကျင့် တာတို့ဆိုတာလည်း မရှိပါဘူး။ အယူခံခုံရုံးက ဆုံးဖြတ်ပေးတာကို လည်း ကျွန်တော်တို့ လျော်ကန် သင့်မြတ်တယ်လို့ ယူဆပါတယ်’’ ဟု ဦးပန်းဆိုင်က ဖြည့်စွက်ပြော ကြားသည်။
ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသော အယူခံငါးချက်၌ ရွေးကောက်ပွဲကုန်ကျစရိတ် အပြည့်အစုံမတင်ပြခြင်း၊ မဲဆန္ဒနယ်များသို့ သွားရောက်သော ခရီးစဉ် ကုန်ကျစရိတ်များအပြင် တင်ပြခဲ့ သော ကုန်ကျစရိတ်များတွင် တံဆိပ်ခေါင်း ကပ်နှိပ်ထားခြင်း မရှိဆိုသော အချက်များ ပါဝင် သည်။
ဒေါ်နန်းထွေးမှုံ တင်ပြသော အယူခံအကြောင်းပြချက်များ သည် ပြည့်စုံမှုမရှိသဖြင့် မူလဆုံးဖြတ်ထားသည့်အတိုင်း ပြင် ဆင်ဖြည့်စွက်ပြောင်းလဲရန် မရှိ ဆိုကာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပလပ်ခြင်းဖြစ် သည်ဟု ဒီချုပ်ကိုယ်စားလှယ် ရှေ့နေ ဦးမျိုးဆွေက ဆိုသည်။
‘‘သူ့ရဲ့အယူခံလွှာကိုရတာနဲ့ ရုံးတော်မှာ အရင်တစ်ပတ်ကကြားနာပြီးတော့ ဒီတစ်ပတ်မှာကော်မရှင်အဖွဲ့ရုံးကနေ အပြီး သတ်ဆုံးဖြတ်လိုက်တာပါ’’ ဟု ဦးမျိုးဆွေက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံအဖွဲ့မှ အဖွဲ့ဝင်များ သည် NLD အစိုးရက ခန့်အပ်ထား သူများဖြစ်၍ မူလကတည်းက ရှုံးနိမ့်မည်ဆိုသည်ကို ကြိုတင်သိရှိ တွက်ချက်ထားပြီး ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဒေါ်နန်းထွေးမှုံ က တုံ့ပြန်ပြောကြားသည်။
‘‘ကျွန်မ ကျေနပ်ပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အများကြီးရိုက် ခတ်မယ်လို့ ကျွန်မယုံကြည်ပါ တယ်’’ ဟု ဒေါ်နန်းထွေးမှုံက ဆို သည်။
ဆက်လက်၍ ‘‘ဒါက စီရင်ထုံး ထွက်လာမယ်။ လာမယ့် ရွေး ကောက်ပွဲတွေမှာ ကျွန်မတို့ လွှတ် တော်ကိုယ်စားလှယ်လောင်းတွေ အားလုံးက ဘယ်လိုလုပ်ကြမလဲ ဆိုတာ အဲဒီအခါကျရင် အကုန် လုံးပေါ်လာလိမ့်မယ်လို့ ကျွန်မအ နေနဲ့ပြောချင်ပါတယ်’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD) ပါတီဝင် ဒေါ်နန်းထွေးမှုံသည် ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်း ရင်းသားရေးရာ ကိုယ်စားလှယ် လောင်း (မန္တလေးတိုင်း အစိုးရ အဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း)အဖြစ် ယှဉ်ပြိုင်ခဲ့ ရာ အနိုင်ရရှိသူ ဒီချုပ်ပါတီဝင် ဦးစိုင်းပန်းဆိုင်ကို ဆန္ဒမဲ ၂,၅၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယ မဲအများဆုံးရသူအဖြစ် ရပ်တည် ခဲ့သူလည်းသည်။
7Day






0 comments:
Post a Comment