Friday, August 23, 2019

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သည့် ကရင်နီလူငယ်များကို စံပြသူရဲကောင်းဆု ချီးမြှင့်

69092471_10217697506882819_4917101456378560512_o

အမျိုးသားဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ သမိုင်းဖြစ်ရပ်မှန်အပေါ် ရဲ့ရင့်စွာရပ်တည်ပေးမှုနဲ့ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မှုကို ရဲရဲဝံ့ဝံ့ ကန့်ကွက်ခဲ့တဲ့ ကရင်လူငယ်တွေကို ကနေဒါရောက် ကရင်နီအမျိုးသားတွေက National Hero Award စံပြဆုတံဆိပ် ချီးမြှင့်လိုက်ပါတယ်။

အစိုးရရဲ့ တရားစွဲဆိုခံနေရတဲ့ ကရင်နီလူငယ် ၆ ဦးအပါအဝင် အမျိုးသားရေး တက်ကြွ လှုပ်ရှားတဲ့ ကရင်နီလူငယ်တွေကို ပေးအပ်ချီးမြှင့်တာဖြစ်ပြီး ဒီစံပြဆုတံဆိပ်ကို လက်ခံတဲ့ အခမ်းအနားကို လွိုင်ကော်မြို့ရှိ ကရင်နီပြည်လူငယ်များသမဂ္ဂရုံးမှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့တာပါ။
ဒီအခမ်းအနား ပြုလုပ်ရတာနဲ့ပတ်သက်ပြီး ကရင်နီပြည်လူငယ်များသမဂ္ဂ အထွေထွေ အတွင်းရေးမှူ မူးအန်းဂျေလာက “ကရင်နီရဲ့အမျိုးသား ဂုဏ်သိက္ခာနဲ့ ကရင်နီရဲ့သမိုင်းကြောင်း မှန်ပေါ်မှာ ရပ်တည်ပြီးတော့မှ မတရားမှုကို တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ ကျမတို့ ကရင်နီ လူငယ်အင်အားစုရဲ့ လုပ်ဆောင်မှုအပေါ် ကနေဒါမှာ ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားတွေ ကနေ အသိအမှတ်ပြုပြီးတော့မှ ပေးအပ်လိုက်တဲ့ စံပြဆုတံဆိပ်ကို ကျမတို့ ဒီဘက်မှာရှိတဲ့ ကရင်နီ လူငယ်အင်အားစုအနေနဲ့လည်း အလေးအနက်ထားပြီးတော့ ဝမ်းသာဝမ်းမြောက်ဂုဏ်ယူစွာနဲ့ လက်ခံရရှိတဲ့အနေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ခြင်း ဖြစ်တယ်။ ” လို့ ပြောပါတယ်။
အခုလို စံပြဆုတံဆိပ်ချီးမြှင့်တဲ့အပေါ်မှာလည်း ဝမ်းသာဂုဏ်ယူပြီး ဒီဆုတံဆိပ်ကြောင့် ခွန်အားများစွာ ရရှိစေတယ်လို့ ထောင်တွင်းတရားရင်ဆိုင်နေရတဲ့ ကရင်နီလူငယ် ၆ ဦးက သဝဏ်လွှာ ပေးပို့ပြောကြားခဲ့ပါတယ်။
“ဤစံပြဆုအား ရရှိခြင်းသည် ကျန်ရှိနေသေးသော ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး၊ ကရင်နီ သမိုင်းမှန် ဖော်ထုတ်ထိန်းသိမ်းရေး၊ အမျိုးသားတန်းတူရေး၊ မဟာလူမျိုးကြီး ဝါဒဆန့်ကျင်ရေး ရှေ့ဆက်လုပ်ဆောင်ရန်အတွက် ကြီးမားသော အင်အားဖြစ်စေမည်ဖြစ်သည်။” လို့ ဆိုပါတယ်။
ကရင်နီသမိုင်းမှန်ပေါ်ပေါက်ရေး လှုပ်ရှားနေတဲ့ လူငယ်တွေအား အခုလို ဂုဏ်ပြုတာကို အားရ ကျေနပ်ကြောင်းနဲ့ လူကြီးတယောက်အနေနဲ့ အားပေးထောက်ခံကြောင်း တရားစွဲဆိုခံရတဲ့ ဒီးဒီရဲ့ဖခင်က ပြောပါတယ်။
“ဆုရရှိတဲ့အပေါ် မိဘတဦး၊ နောက် ကရင်နီပြည်သူလုထုအနနဲ့ ဝမ်းမြောက်ဝမ်းသာရှိတယ်။ နောက်တခု ကရင်ပြည်ရဲ့နိုင်ငံရေးကို ဆန်းစစ်စေတဲ့ ဆုပေးပွဲတခုလို့ခံစားရတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း တော်တော်အသက်ဝင်သွားတဲ့ လုပ်ငန်းတခုလို့ ခံစားရတယ်။ ဝမ်းနည်းစရာတွေ ဖြစ်ပေမယ့် ကရင်နီပြည် သူလူထုအတွက် ဝမ်းမြောက်စရာဖြစ်တယ်။ မျိုးဆက် သစ်လူငယ်တွေအတွက် အင်အားတခုဖြစ်တယ်လို့ ထင်တယ်။ ဒီဟာကို ဆက်လက်ထိန်းသိမ်းဖို့၊ ဆက်လက်ကာကွယ်ဖို့၊ ဒီကရင်နီပြည်ရဲ့ လမ်းကြောင်းပေါ်ကို အမှန်တကယ်ရောက်ရှိဖို့လူငယ်တွေ ဆက်လက်လုပ်ဆောင်သွားဖို့ကျနော့်ရဲ့ဆန္ဒရှိတယ်။”
၂၀၁၈ ခု ဖေဖော်ဝါရီလကနေစပြီး ကယားပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တည်ဖို့ စတင်စီစဉ်ခဲ့ပါတယ်။ ဒီအပေါ် ကရင်နီပြည်လူငယ်အင်အားစုကနေပြီး ကရင်နီသမိုင်းကြောင်းတွေကို ဖြန့်ဝေခဲ့သလို ဒီလို ဖြန့်ဝေ ခဲ့တဲ့ လူငယ်တွေကို အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် ကြေးရုပ်ကို ကန့်ကွက် တဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ဒီလိုဆန္ဒပြခဲ့လို လူငယ် ၅၀ ကျော် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပါတယ်။ 
ဒီကြားထဲ အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး တရားစွဲဆိုခံရတဲ့ လူငယ်တွေကို လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နဲ့ ပတ်သက်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်ဆိုပြီး လက်မှတ်ထိုးခဲ့တဲ့ လူငယ် ၆ ဦးကို အစိုးရက ဖမ်းဆီးတရားစွဲဆိုထားတဲ့အတွက် အချုပ်ခန်းမှာ တရားရင်ဆိုင်နေရတာပါ။
ကရင်နီလူငယ်တွေ လွတ်မြောက်ရေးဝိုင်းဝန်းကြိုးပမ်းကြဖို့နဲ့ ဗိုလ်ချုပ်ကြေးရုပ် ရွှေပြောင်းရေး မူအပေါ်မှာ ဆက်လက်ရပ်တည်နေတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂအ တွင်းရေးမှူး မူးအန်းဂျေလာက ပြောပါတယ်။
68688506_10217697500322655_8849503637773221888_o
69100443_10217697507522835_4613791419985821696_o
69339353_10217697500602662_2419022174921687040_o
DVB

0 comments:

Post a Comment