Friday, August 23, 2019

အစၥလာမ္ဘာသာအေပၚ ဟောပြောမှုကြောင့် တိုင်ကြားသည့် ဦးလှဆွေအမှု တရားရုံးလက်ခံ

အစ္စလာမ်ဘာသာအ ပေါ် ဟောပြောမှုကြောင့် ပြည်ခိုင် ဖြိုးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးလှဆွေ ကို အရေးယူပေးရန် ကျောက်တံ တားမြို့နယ်တရားရုံး၌ ဦးတိုက် လျှောက်ထားမှုကို တရားသူကြီး က ယမန်နေ့တွင် လက်ခံခဲ့ ကြောင်း တရားလို ဦးစန်းအောင် က ပြောသည်။

တရားလို ဦးစန်းအောင် သည် ဦးလှဆွေကို အရေးယူပေး ရန် ကျောက်တံတားမြို့နယ် တရားသူကြီးထံ သြဂုတ် ၇ ရက်က လျှောက်ထားရာ ယမန်နေ့တွင် ချိန်းဆိုသည့် ရုံးချိန်း၌ လက်ခံခြင်းဖြစ်ကြောင်း ဦးစန်းအောင်က ပြောသည်။
‘‘ကျင့် ၂၀၂ အရ ချပေးထားတဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေ လည်း ရရှိထားပြီလို့ တရားသူကြီး က ပြောပါတယ်။ ဒါကြောင့် အမှုကို လက်ခံလိုက်ပါတယ်။ တောင်း ပန်းရင် ကျေအေးပေးမယ်ဆိုတာ က တရားရုံးရဲ့ ဆုံးဖြတ်ချက်အ ပေါ်မှာ မှုတည်တယ်။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်လို့ သူက ကျေအေးပေးပါ၊ တောင်း ပန်ပါတယ်ဆိုရင် ကျွန်တော်က ကျေအေးပေးမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောသည်။
နောက်တစ်ကြိမ်ရုံးချိန်းကို သြဂုတ် ၂၈ ရက်တွင် ချိန်းဆိုထားပြီး ယင်းနေ့၌ ပုဒ်မတပ်ပေးမည်ဟု တရားသူကြီးက ပြောဆိုကြောင်း ဦးစန်းအောင်က ပြောသည်။
ဦးလှဆွေသည် သြဂုတ် ၄ ရက်က မဟာဗန္ဓုလပန်းခြံရှေ့ တွင် ပြုလုပ်သည့်  ‘အမေရိကန် နိုင်ငံမှ မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများအား ဆန့်ကျင်ရှုတ်ချပွဲ’ ၌ အစ္စလာမ်ဘာသာအ ပေါ် ဝေဖန်ဟောပြောမှုနှင့်ပတ် သက်ပြီး တိုင်ကြားခံရခြင်း ဖြစ် သည်။
ဦးစန်းအောင်၏ တိုင်ကြားချက်တွင်  ‘‘ဟိုနေ့က အမေရိကန် သံရုံးမှာ လုပ်တာက ဗုဒ္ဓဂေါတမပါ တယ်၊ နှာခေါင်းစည်းနဲ့။ ဂျီးဆပ် ခရိုက်လည်းပါတယ်၊ နှာခေါင်း စည်းနဲ့ ဟိန္ဒူ။ သျှီဝနတ်ဘုရားလည်းပါတယ်၊ နှာခေါင်းစည်းနဲ့ဟေ့။ ခင်ဗျားတို့ မုဟမ္မဒ်ဘာလို့မပါသ လဲဆိုတော့ အမေရိကန်သံရုံးက တစ်ယောက်က ကျွန်တော့်ကိုပြောတယ်။ ဦးလှဆွေတဲ့ မုဟမ္မဒ် က ညှိလို့မရဘူးတဲ့။ ခင်ဗျားတို့ အဲဒါ သဘောတူလား။ ကျွန်တော်ကတော့ သဘောတူတယ်။ အဲဒီအမေရိကန်သံရုံးက မုဟမ္မဒ်ကို သွားပြီးတော့ အဲဒီလိုလုပ်ရင် သူ့သံရုံး ရှေ့မှာ သွားပြီးတော့ မုဟမ္မဒ်က ဗုံးခွဲမှာ။ ကျွန်တော်တို့၊ ခင်ဗျားတို့ က အဲဒီလိုလုပ်မလား။ ဒါကြောင့် ဘာသာကြီးလေးမျိုးမှာ ညှိမရတာ ဘယ်ဘာသာလဲ (မုဟမ္မဒ်) အမေရိကန်သံရုံးက သိတယ်’’ စသည့် စကားရပ်များကို ပြောဆိုကြောင်း ပါရှိသည်။
ထိုစကားရပ်များက အစ္စလာမ်ဘာသာအပေါ် ထိခိုက်စေ သော၊ လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာကိုဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်မှုကိုဖြစ်စေ၊ မသမာစိတ်ဖြင့် စော်ကားသည့် အသုံးအနှုန်းများကို အများပြည်သူများ၏ ရှေ့မှောက်တွင် ပြောဆိုသုံးနှုန်းပြီး အဆိုပါ ဟောပြောပွဲကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့်အပြင် ပြည်တွင်းသတင်း မီဒီယာများကလည်း ရေးသားဖော်ပြနေသဖြင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်အားလုံး ကိုး ကွယ်နေသည့် ဘာသာရေးအပေါ် ယုံကြည်မှုကို များစွာ ထိခိုက်နစ် နာမှု ဖြစ်စေသည်ဟု တိုင်တန်း ချက်တွင် ပါရှိသည်။
ထို့အပြင် နိုင်ငံတော်အစိုးရ အဖွဲ့အပေါ် ဟောပြောမှုကြောင့် ဦးလှဆွေကို နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် အရေးယူပေးရန် ကျောက်တံတားမြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေး မှူး ဦးမျိုးမြင့်က အနောက်ပိုင်း ခရိုင်တရားရုံးတွင် တိုင်ကြားထား သည်။ ထို့ကြောင့် အနောက်ပိုင်း ခရိုင်တရားရုံးက သြဂုတ် ၇ ရက်၌ ဖမ်းဝရမ်းထုတ်ထားသည်။
7Day

0 comments:

Post a Comment