Sunday, August 4, 2019

ခြေဥပြင်ဆင်ရေးတွင် တပ်မတော်သားကိုယ်စားလှယ်များနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုဟု သူရဦးရွှေမန်းပြောကြား

Image may contain: 9 people, people standing

လက်ရှိ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပူး ပေါင်းဆောင်ရွက်မှုမရှိဘဲ လွယ်လွယ်နှင့် ရနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

ဩဂုတ် ၄ ရက် ညနေပိုင်းကနေပြည်တော် ရာဇသင်္ဂဟလမ်းရှိ သူရ ဦးရွှေမန်း၏နေအိမ်၌ ပြုလုပ်ခဲ့သော ပြည် ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းနှင့် မီဒီယာ များတွေ့ဆုံပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

'၂၅ ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်များနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုမရှိဘဲနဲ့တော့ လွယ်လွယ်နဲ့ မရနိုင်ဘူးလို့ ပြောချင်ပါတယ်'ဟု သူရ ဦးရွှေမန်းက ပြောဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်းရှိ ၇၅ရာခိုင်နှုန်းသော ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း ၎င်းက ပြောဆိုသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ တစ်ခုနှင့် အချက် ၅၄ချက်ကို ပြင်ဆင်ပေးနိုင်ခဲ့ပြီး ထိုသို့ ပြင်ဆင်နိုင်ခဲ့ခြင်းသည်လည်း
ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောဆို သည်။

'ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမလွှတ်တော်မှာ ပြင်နိုင်ခဲ့တယ်ဆိုတာ
ဒီအချက်ကလည်း အတော်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်ပါတယ်။ ၅၄ချက် ရတယ်ဆိုတာလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်'ဟု ၎င်းက ပြော ဆိုသည်။

ထိုသို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဂုဏ်ပြုရမည် ဖြစ်သကဲ့သို့ ထိုအချိန်က အစိုးရနှင့် အခြားအဖွဲ့အစည်းများကိုလည်း အသိအမှတ် ပြုရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။
'တကယ်လို့သာ အစိုးရအဖွဲ့အစည်းကရော၊ တပ်မတော်သား ကိုယ်စားလှယ် တွေကရော၊ လွှတ်တော်ကိုယ်စားလှယ်တွေကရော သဘောမတူခဲ့ဘူးဆိုရင် ဒီ ၅၄ချက် ဆိုတဲ့ဟာလည်း ရရှိလာမှာမဟုတ်ဘူး။ ဒါကြောင့် ရှင်းပါတယ်။ လွယ်ပါတယ်'ဟု သူရ ဦးရွှေမန်းက ပြောဆိုသည်။
ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မတစ်ခုတည်းကို လွှတ်တော်ကနေ ပြင်ဆင်ရန် ၇၅ရာခိုင်နှုန်းအထက် ဆန္ဒမဲရရှိသည့်အတွက် ပြင်ရန် အတွက် လွှတ်တော်ဘက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ပြင်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရေးသားပြဋ္ဌာန်းထားသည့် လူထုဆန္ဒခံယူပွဲလုပ်ရန်အတွက် ငွေကုန် ကြေးကျခံ၍ လူများပင်ပန်းမည်စိုး၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။
'ဒီနေ့ ဖက်ဒရယ်ဆိုတဲ့နေရာမှာ ပြောပြောနေတဲ့ Power Sharing Resource Sharing အာဏာခွဲ ဝေကျင့် သုံးမှုပြီးတဲ့အခါမှာ သယံဇာတ ခွဲဝေကျင့်သုံးမှုများ ကိုတော့ ဒီ ၅၄ ချက်ထဲမှာ တော်တော်လေးပါပါတယ်။ ဒါကြောင့် ပြန်လေ့လာသုံးသပ်ဖို့ လိုပါတယ်} ဟု သူရဦးရွှေမန်းက ပြောဆိုသည်။
အဆိုပါဥပဒေသည် ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းပြီးဖြစ်သောကြောင့် ဥပဒေအသက်ဝင်အောင် မည်သို့ဆောင်ရွက်နေသည်ကို ပြန်ဆန်းစစ်ရန်လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။ လက်ရှိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ပြည် ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းထားပြီး အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် ဆွေးနွေးခဲ့ကြသည်။
သို့ရာတွင် ယင်းအစီရင်ခံစာအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ဆွေးနွေးခဲ့ခြင်းမရှိဘဲ အစီရင်ခံစာတင်သည့်နေ့တွင် သီးခြားသဘောထား မှတ်ချက်ပြုထားကြောင်း သိရသည်။
သတင်း - မင်းမင်းထွန်း
ဓာတ်ပုံ - ကိုသာဗျော

0 comments:

Post a Comment