နေပြည်တော်မှာရှိတဲ့ ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill မှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာ ပြုကျင့်ခံမှုနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် သြဂုတ် ၁၁ ရက်နေ့က ပျဉ်းမနားမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ဆင်ရုပ်အနီးနားမှာရှိတဲ့ အဝေးပြေးကားဂိတ်ဟောင်း ဝင်းထဲမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေလို သက်ငယ်မုဒိမ်းမှုအတွက် ထိရောက်တဲ့ ဥပဒေတွေ ချမှတ်ပြီး အရေးယူဆောင်ရွက်ပေးဖို့ သမ္မတကို တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။
ဒီအမှု အမှန်တရား ပေါ်ပေါက်ဖို့နဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ ပြုလုပ်သူတွေကိုလည်း အရေးယူပေးဖို့အတွက် ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ကလေးရဲ့ ဖခင်နဲ့ အဘွားဖြစ်သူတွေကို စစ်ဆေးမှုပြုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အမှုအတွက် အမှန်တရားပေါ်ပေါက်ဖို့ကိုလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပြီး အမှုရဲ့ တရားခံ အစစ်အမှန်၊ တရားရုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေ မှန်ကန်မှုရှိရဲ့လား ဆိုတဲ့ သိရှိလိုမှုတွေဟာလည်း မြင့်တက်နေပါတယ်။






0 comments:
Post a Comment